- ၃၆ -

88 19 1
                                    

ကျွန်တော် ရှဲ့ချင်းချန်ရဲ့ ဖုန်းကို ကိုင်လိုက်မိတယ်။

ဝမ်ကျန့်ခန်းကား ဟုကျိုးတက္ကသိုလ်၏ နိုင်ငံတကာ ကျောင်းသားဖလှယ်ရေးရာ ဌာနမှ ဒါရိုက်တာ ဖြစ်ကာ၊ အသက်လေးဆယ်စွန်းစွန်း ဖြစ်ပါ၏။

အလုပ်သဘောအရ ဝမ်ကျန့်ခန်း၏ လူမှုဆက်ဆံရေး အသိုင်းအဝိုင်းဟာ ကျယ်ပြန့်လွန်းလှကာ၊ နေ့စဉ်နှင့်အမျှ ဆိုသလို အပြင်လူများနှင့် တွေ့ဆုံ၊ စားသောက်ရတတ်သည်ပေ။

ရှဲ့ချင်းချန်သည်လည်း အကြင်သူနှင့် တစ်ကြိမ်၊ နှစ်ကြိမ်ခန့်မျှ ဆုံခဲ့ဖူးပြီး၊ ဤ အမျိုးသားသည် အလွန်တရာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းလှသည် ဟု ခံစားမိရသဖြင့် နောက်ပိုင်း၌ အကြင်သူ့ကို တွေ့သည်နှင့် ကွေ့ရှောင်သွားဖြစ်ခဲ့ပါ၏။ ထို့ကြောင့် အလွန်ဆုံးရှိလှ “သိကျွမ်းသည်” ဟု ဆိုနိုင်ရုံမျှသာ၊ “ရင်းနှီးပါသည်” ဟု ဆို၍မရ။
 
“ သဘာဝလွန် ကိစ္စရပ်တွေကို ငါတော့ မယုံကြည်ဘူး၊ သူ သေသွားရတာက ချန်ကန်း စိတ်ကျန်းမာရေး ဆေးရုံက အမှုနဲ့  ဆက်နွှယ်နေဖို့ များတယ် ” ရှဲ့ချင်းချန်က လက်ဖက်ရည်ကို တစ်ငုံ ထပ်သောက်လိုက်လျက်၊ ခပ်အေးအေးဖြင့် ဆိုလာပါလေ၏:“ အဲ့ဒီအပြင်ကို ကျန်းလန်ဖေ့ရဲ့ အမှုနဲ့ရော ဆက်နွှယ်မှု ရှိနေတယ် ”

ဟော့ယွီက ရုပ်သံလွှင့်မျှော်စင်ဆီသို့ ခေါင်းလှည့်ကြည့်လိုက်ရင်း:“ ချန်ကန်းကိစ္စက မွှေနေတာ မနည်းဘူး။ နောက်ကွယ်မှာ စိတ်ကျန်းမာရေး ဆေးရုံတစ်ခု ဆိုရုံလောက် မရိုးရှင်းမှာကို စိုးရတယ် ”
 
ဤသည်မှာ ဟော့ယွီပင် ပြောဖို့ရာ မလိုအပ်ပါပေ၊ ရှဲ့ချင်းချန်သည်လည်း သိပါ၏။

ကျောင်း၏ ရုပ်သံလွှင့်မျှော်စင်ကိုပင် ခြယ်လှယ်နိုင်နေကြကာ၊ လွှမ်းခြုံထားသည့် အဝန်းအဝိုင်း အတွင်းရှိ ရှိရှိသမျှသော ဆက်သွယ်ရေး ကိရိယာ မှန်သမျှထက်၌လည်း ဗီဒီယိုတစ်ခုတည်းကို တရားတဘောင်နှင့် မညီစွာ ထုတ်လွှင့်ပြသစေခဲ့၏။ ထို့ပြင် ဤသို့နှယ် ကာဖျူးမြင့်မားနေသည့် အချိန်‌၌ပင်လျှင် ရဲဘက်မှ ဓာတ်ပုံများကို ခိုးယူနိုင်နေကြလေရာ ဤ အချိန်လောက် ဆိုလျှင် ဟုကျိုးမြို့၏ ရဲဌာနမှူးကိုပင် နှလုံးနှင့် သွေးကြောဌာနသို့ အရေးပေါ်ကေ့စ် အနေနှင့် ပို့ဆောင်ပေးဖို့ရာ လိုအပ်နေလောက်မည်ထင်။

ဆေးမှတ်တမ်းချုပ်Where stories live. Discover now