- ၄၂ -

95 18 0
                                    

ခင်ဗျား ကျွန်တော့်ကို ပြော၊ အမှန်တရားက ဘာလဲ။

ဘာဗီဒီယိုများလဲ?

ကြည့်ရသည်မှာတော့ ရှဲ့ချင်းချန်နှင့် သက်ဆိုင်မှု ရှိနေသည်ထင်။

ဟော့ယွီသည် အပေါ်သို့ အလျင်အမြန် တက်သွားကြသော ကုဒ်များကို မထုံတက်သေးဖြင့် ဝေ့ကြည့်လိုက်ပါ၏။ သူ၏ အလျင်အား အမီလိုက်နိုင်ဖို့ရန် တစ်ဖက်အတွက် အချိန်အတိုင်းအတာ တစ်ခုမျှ လိုအပ်နေသေးပေသည်။ အလွန်တရာ တိုတောင်းလှသော အချိန်မျှပင် ဖြစ်လင့်ကစား။ ဤ ဗီဒီယိုဟာ သူ၏ အာရုံကို နှောင့်ယှက်ဖို့ရန်သက်သက် ပို့လိုက်ခြင်းပေလား ဆိုသည်ကို မည်သူ သိနိုင်ပါအံ့။

သူသည် chat windowကို ပိတ်လိုက်လေတော့ကာ၊ ထပ်မံ၍ အရေးမစိုက်တော့သကဲ့သို့ အာရုံလည်း ပြောင်းမသွားချေပေ။
  
သို့သော် မရှေးမနှောင်းတွင်ပင် ဒုတိယမြောက်သော မက်ဆေ့ခ်ျဟာ ဝဲလွင့်နေသေးသော တစ္ဆေသရဲပမာ ခုန်ထွက်လာခဲ့ရပေ၏။

“ အက်ဒဝပ်၊ မင်းက ရှားပါးစိတ်ရောဂါသည် တစ်ယောက် ဆိုတာကို ငါ သိတယ်။ မင်း ငါတို့ရဲ့ Firewallကို တိုက်ခိုက်နေတုန်းမှာပဲ ငါတို့ဘက်ကလည်း မင်းရဲ့ အတွင်းဖိုင်တွေကို စုံစမ်းပြီးသွားကြပြီ ”

ဟော့ယွီ၏ လက်တို့မှာ တန့်သွားရပါ၏။

သူ၏ ရောဂါဟာ လျှို့ဝှက်ချက် ဖြစ်ပေသည့်တိုင် ဆရာဝန် သွားပြရစဉ်က အချက်အလက်များကတော့ ပုဂ္ဂလိက ဆေးရုံများနှင့် ပါဆင်နယ် ဒေါက်တာများဘက်တွင် ကျန်ရှိနေရလိမ့်ဦးမည်ပင်။ တစ်ဖက်မှ ဟတ်ကာ၏ စကေးသည်လည်း မြင့်မားလှသည့် အ‌လျောက် သဲလွန်စအချို့ကို အခြေခံရုံမျှဖြင့် အချိန်တိုလေး အတွင်း၌ သူ၏ သရုပ်မှန်ကို ဆုံးဖြတ်ကာ၊ အရေးကြီး ဒေတာများကို ရယူနိုင်ဖို့ရန် ဟူသည်မှာ ဖြစ်နိုင်ခြေ မရှိသည်မျိုးတော့ မဟုတ်ပေ။

တစ်ဆက်တည်းတွင်ပင် တစ်ဖက်မှသည် တတိယမြောက်သော မက်ဆေ့ခ်ျကို ပို့လာခဲ့ပါ၏။

“ အဲ့ဒီ ရှဲ့ချင်းချန်က မင်းကို လှည့်ဖျားနေတာ၊ အသုံးချနေတာ။ သူ ဘာလို့ ရုတ်တရက်ကြီး ဆရာဝန် မလုပ်တော့တာလဲ ဆိုတာကို မင်း မသိချင်ဘူးလား? ”

ဆေးမှတ်တမ်းချုပ်Where stories live. Discover now