ဒါပေမဲ့လည်း ပူလောင်လွန်းနေခဲ့တယ်။
ဤ အဝတ်လဲသည့် နေရာကား အလွန်တရာ ကျဉ်းမြောင်းကာ၊ အရပ် 180 cm နှင့် အထက် ရှိကြသည့် အရွယ်ရောက်ပြီးသား ယောကျ်ားသား နှစ်ယောက် အတင်းအကျပ် တိုးဝင်နေခိုက်မူ ကျပ်သိပ်နေသလို ခံစားရစေမည်မှာ မလွဲမသေ။ တစ်ဦးက ရှူထုတ်လိုက်သည့် အသက်ရှူငွေ့နွေးနွေးကို ကျန်တစ်ဦးက တဒင်္ဂတွင်းချင်း ရှူသွင်းလိုက်နိုင်တော့မယောင်။
မတိုင်ခင်မှ ဆိုးဆိုးရွားရွား ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရပြီးနောက် ရှဲ့ချင်းချန်ခမျာ ဤ စိတ္တဇကောင်နှင့် ဤသို့နှယ် အလုံပိတ်ထားသည့် ကျဉ်းကျဉ်းကျုတ်ကျုတ် အခြေအနေထဲတွင် အတူတူ ရှိနေဖို့ရာ အဘယ်မှာ ဆန္ဒရှိနိုင်ပါအံ့။ သူဟာ ဟော့ယွီ၏ လက်ကို အားဖြင့် ရုန်းဖယ်လိုက်ရင်း၊ မျက်ဝန်းအစုံဟာ မီးဝင်းဝင်းတောက်နေလျက်သားဖြင့် အသံကို နှိမ့်၍ ဆိုလိုက်ပါ၏: “ မင်း ဖယ်ချေ ”
ဟော့ယွီက သူ့ကို လွှတ်ပေးလိုက်ပြီး၊ အောက်သို့ စိုက်ကြည့်လာခဲ့ကာ၊ အပြုံးဖွဖွဖြင့်: “ ဘာလို့ လေမမှုတ်တော့တာလဲ၊ မှုတ်လေ၊ ကျွန်တော် ဒီကနေ ကြည့်နေမယ် ”
“ ဘေးဖယ် ”
“ အဲ့လောက် အလျင်လိုဖို့ မလိုပါဘူး၊ ကြည့်ဦးလေ၊ ခင်ဗျား ဆံပင်တွေ စိုနေသေးတုန်းပဲကို ” ဟော့ယွီက လက်ကို တစ်ဖန် မြှောက်၍ လက်ဖျားလေးများဖြင့် ရှဲ့ချင်းချန်၏ ရေတစက်စက် ကျနေသေးသည့် ဆံစလေးများကို ထိုးဖွလိုက်ပေ၏။ သို့တိုင် ရှဲ့ချင်းချန်ထံမှ ခါထုတ်ခံလိုက်ရပေ၏။
သူက ၎င်းကို မမှုလေသည်မှာ မျက်တောင်လေးများပင် တစ်ချက်မျှ လှုပ်ခတ်မသွားခဲ့ရ။ လက်ချောင်းထိပ်လေးများဟာ ပွင့်ဟနေသည့် ရှပ်အင်္ကျီ အောက်သို့ ဆက်လျှောဆင်းသွားရပြီး ရှဲ့ချင်းချန်၏ ကျဉ်သွယ်သွယ် ခါးစောင်းလေးထက်သို့ ထိတွေ့လာခဲ့၏။
လျှပ်စစ်လျှော့တိုက်ခံလိုက်ရသလို ပျော့ခွေထုံကျဉ်ဖွယ် လှိုက်ဖိုမှုတို့က ဝမ်းခေါင်းထဲမှသည် တဒင်္ဂတွင်းချင်း တောက်လောင်လာခဲ့ရကာ၊ အနှီ ညမှ ရူးမက်ဖွယ် မှတ်ဉာဏ်တို့က အလုံးစုံ ပြန်ဆန်တက်လာခဲ့တော့လျက်သား။ ဟော့ယွီက အောက်ဘက်ရှိ ရှဲ့ချင်းချန်၏ ခါးဝမ်းလေးကို စိုက်ကြည့်လာရင်း၊ မျက်လုံးအိမ်တို့ဟာ မရည်ရွယ်ပါဘဲ ရဲရဲတောက်နေခဲ့ရပြီး၊ အသံမှာလည်း အက်ရှလွန်းနေခဲ့ရစွာ: “ ဒီမှာလည်း စိုနေတယ် ”
YOU ARE READING
ဆေးမှတ်တမ်းချုပ်
Romanceစီအာ ရှောင်ဖို့ အပိုင်းတစ်ကနေ လေးအထိကို ပီဒီအက်ဖ်ဖိုင် သီးသန့်ထုတ်ပေးထားပါတယ်။ တယ်လီဂရမ် (binganbenarchives) ချန်နယ်ထဲက pin post #3 ကနေ ဖတ်လို့ ရပါတယ်။