သူ့ကို ကျွန်တော့်ဆီမှာ ဦးညွတ်လာစေချင်တယ်။
ရှဲ့ချင်းချန်၏ အသံမှာ ဒေါသများကြောင့် တုန်ယင်နေရစွာ။ သူ့ဘက်က မည်မျှပင် အပြစ်ရှိစိတ် ရှိနေခဲ့ရစေကာမူ ဤ စိတ်ဝေဒနာသည်ကောင် လုပ်ချသွားခဲ့သည့် သို့နှယ် ကိစ္စရပ်မျိုးနှင့် ကြုံတွေ့လာရချိန်တွင်တော့ မျက်လုံးများဟာ ဒေါသတို့ကြောင့် ရဲစွေးလာရသေးဆဲ:“ မင်း ငါ့ကို ဆေးခတ်ရဲတယ်——! ”
“ ကော မဟုတ်တာတွေ မပြောနဲ့လေ ” ဟော့ယွီက သူ့နှုတ်ခမ်းလွှာတို့ထက်တွင် လက်ညှိုးလေးအား ဖိကပ်လာရင်း၊ တစ်ဆက်တည်းတွင်ပင် လက်ညှိုးလေးကို ကွေး၍ အောက်ပြန်ချလိုက်ကာ၊ မျက်လွှာချ၍ အပြုံးလွင့်လွင့်ကလေးဖြင့်:“ ဒါက ဝိုင်ခွက်ရေ တချို့တင်ပါ၊ ဘာကို ဆေးခတ်တာလဲဗျာ၊ ပြီးတော့လည်း ဘယ်သူကမှ လူကြီးမင်းကို တွန်းအားမပေးခဲ့ပါဘူး၊ လူကြီးမင်းသဘောနဲ့ လူကြီးမင်း သောက်ခဲ့တာချည်းလေ၊ လူကြီးမင်းဘာသာလူကြီးမင်း ရေချိန်ကိုက်လာရတာကို ကျွန်တော့်ကို ဘာလို့ တစ်ပြန်ကြီး အပြစ်တင်နေရတာလဲ? ”
ရှဲ့ချင်းချန်မှာ အကြင်သူ့ အပြောကို ကြားရှိလိုက်ရချိန်၌ ပို၍ပင် ပြင်းပြင်းထန်ထန် ဒေါသထွက်လာရတော့လေ၏။
“ မင်း အဓိပ္ပါယ် မရှိလိုက်လေ …… ဟော့ယွီ၊ မင်း တရားလွန်လှချည်လား၊ မင်း ဘယ်လိုများ .….. ”
“ …… ” ဟော့ယွီက နူးညံ့ညင်သာမှုလေးတို့ကို ဆက်ထိန်းထားရင်းဖြင့် မတုန်မလှုပ်သာ ပြုံးနေပါလေ၏။ သို့တိုင် အနှီ နူးညံ့ညင်သာမှုလေးများမှာ စက္ကန့်အနည်းငယ်ပိုင်းမျှသာ ရှည်ကြာခဲ့ပေ၏။ သူဟာ ရှဲ့ချင်းချန်၏ နောက်ဆုံးစကားကြောင့် အကန့်အသတ်ထိတိုင် ဒေါအဆွခံလိုက်ရသည်ထင်။
သူ ဆက်ပြီး ဟန်မဆောင်ချင်တော့ပါပေ။
သို့ဖြင့် နူးညံ့ညင်သာမှုတို့ဟာ ပြုတ်ကျသွားရပြီး၊ လူငယ်လေး၏ မျက်နှာအသစ်တစ်ခု ပေါ်လာရတော့ကာ၊ ရုတ်ချည်း ဆိုသလို ထ၍ တိုက်ခိုက်လာပါတော့၏——
လူတိုင်းဘက်မှ မတုံ့ပြန်နိုင်လိုက်သေးခင်တွင်ပင် အကြင်သူတစ်ယောက် ရှဲ့ချင်းချန်ကို ဆံပင်အုံမှသည် ဆတ်ခနဲ ဆွဲကိုင်၍ အောက်သို့ အကြမ်းပတမ်း ဖိချပစ်လိုက်သည်ကို မြင်လိုက်ကြရပါ၏။
YOU ARE READING
ဆေးမှတ်တမ်းချုပ်
Romanceစီအာ ရှောင်ဖို့ အပိုင်းတစ်ကနေ လေးအထိကို ပီဒီအက်ဖ်ဖိုင် သီးသန့်ထုတ်ပေးထားပါတယ်။ တယ်လီဂရမ် (binganbenarchives) ချန်နယ်ထဲက pin post #3 ကနေ ဖတ်လို့ ရပါတယ်။