- ၆၅ -

169 24 0
                                    

ဒေါသထွက်ရပြန်ပြီ။

ဤ တစ်ကြိမ်မူ ဟော့ယွီဟာ ချက်ခနဲ တန်းအကြံပေါ်လာခဲ့ရတော့စွာ။

ရှဲ့ချင်းချန်ဟာ သူ့ထံမှ မဟန်တော့အောင် ညှင်းပန်းခံခဲ့ရပြီး ဖြစ်ပါသော်ငြား ကောင်ငယ်ကလေးဟာ စင်စစ် ရုပ်ပျက်ဆင်းပျက် မွတ်သိပ်နေခဲ့ရပါလေ၏။ စိတ်တိုင်းကျ သုံးဆောင်ပြီးသွား၍ ရှဲ့ချင်းချန်ကို အင်္ကျီကူဝတ်ပေးပြီးနောက်တွင်ပင် သူဟာ ရှဲ့ချင်းချန်ကို ဖက်တွယ်၍ ပွတ်သပ်နမ်းရှိုက်နေခဲ့လေသည်မှာ တစ်ဖန်မျှ မီးစပြန်ပျိုးလာရတော့သည့်အထိ။

နောက်ပိုင်း၌ ကျောင်းဘက်မှ သူ့ကို ဘယ်ရောက်နေသလဲ မေးမြန်းကာ၊ ရုပ်ရှင်ပြသပြီးတော့မည် ဖြစ်၍ ဆုချီးမြှင့်တော့မည် ဖြစ်ကြောင်း ဖုန်းဆက်လာခြင်းကြောင့်သာ မဟုတ်ပါမူ သူဟာ တစ်ရာရာခိုင်နှုန်းတွင် တစ်ထောင်ရာခိုင်နှုန်းပင် နောက်တစ်ပွဲ နွှဲလာခဲ့လောက်ပါ၏။

“ ကော၊ ဘယ်တွေ သွားနေလို့ ဒီလောက် ကြာနေတာလဲ? ”

ရှဲ့ချင်းချန်ဟာ ကိစ္စပြီးသွားသည့်နောက်တွင် အလွန်အမင်း နာကျင်နေခဲ့ရပါလေ၏။ လွန်ခဲ့သော ဆယ်ရက်ကျော်က အနှီ ခံစားချက်၊ ပြောထွက်ရခက်သော အနှီ တဆစ်ဆစ် နာကျင်မှုက ဤ တစ်ကြိမ်တွင်လည်း တံဆိပ်ခတ်သည့်သဖွယ် သူ့ခန္ဓာကိုယ်ထက်တွင် တစ်ဖန်မျှ နက်နက်ရှိုင်းရှိုင်း ခတ်နှိပ်လာခဲ့ရလျက်။

သို့တိုင် ယခင်ကထက် ပို၍ မသက်မသာ ဖြစ်စေသည်မှာတော့ ခန္ဓာကိုယ်ထက်မှ အနှီ စေးကပ်ကပ် ခံစားချက်ပင်။ ဟော့ယွီဟာ ရှေ့တစ်ခေါက်က အနည်းဆုံးအားဖြင့် ကိစ္စရပ် တစ်လျှောက်လုံးတွင် အကာအကွယ် ယူခဲ့သေး၍ ကိစ္စပြီးနောက်တွင် ရှဲ့ချင်းချန်အဖို့ နာကျင်မှုမှလွဲ အရိုးစွဲမတတ် မသက်မသာ ဖြစ်ရမှုတော့ မရှိခဲ့ပေ။

ပစ္စပ္ပုန်နှင့် လုံးဝ မတူပါချေ။ ခြေလှမ်း လှမ်းလိုက်မိလျှင်ပင် သူဟာ တစ်စုံတစ်ရာသော ခံစားချက်ကြီးကြောင့် မျက်နှာတို့ ဖြူရော်သွားရတတ်ပေသည်။

သူဟာ စကားတစ်လုံးတစ်ပါဒမျှ မဆိုဘဲ ချန်မန့်နံဘေးတွင် ထိုင်ချလိုက်ပါလေ၏။

ဆေးမှတ်တမ်းချုပ်Where stories live. Discover now