- ၉ -

131 28 0
                                    

သူ့ကို ဂရုမစိုက်ပါဘူး၊ ကျွန်တော် သူ(မ)ကို ဖွင့်ပြောတော့မယ်။

အဆုံး၌မူ ဤ မတော်တဆဖြစ်ရပ်မှာ ကိုင်တွယ်အဆုံးသတ်၍ ပြီးသွားချေလေပြီ။ တစ်အုပ်စုလုံးမှာ ခြေကုန်လက်ပန်းကျ၍ ဆာလည်းဆာလောင်နေကြလေပြီ ဖြစ်ရာ ဟော့ယွီက အကြင်သူတို့ကို ညလယ်စာ သွားစားချင်ကြသလား ဟု မေးမြန်းလိုက်ပေ၏။ ဤ အကြံ အပေါ်တွင် ပထမဆုံး အ‌နေဖြင့် လက်ကို မြှောက်၍ တက်တက်ကြွကြွ ကြွေးကြော်ထောက်ခံလိုက်သူမှာ သူတို့နှင့် အဘယ်စပ်ဆိုင်မှုမှ မရှိသည့် ပိုင်ကျင်း ဖြစ်နေခဲ့လေသည်။

“ ကောင်းတယ်၊ ကောင်းတယ်၊ ဆန်ပြုတ်သွားသောက်ကြရင်ရော?ဝိုက်ထန်းဘက်က စားသောက်ဆိုင် တစ်ဆိုင် ရှိတယ်ရယ်၊ သူတို့ဆီက ငါးမန်းတောင်၊ သံပခြုပ်ဆန်ပြုတ်လေ၊ အဲ့ဒါက ပြိုင်ဘက်ကင်းပဲ၊ အဲ့ဒီ ဆိုင်မှာ သွားစားမယ် ဆိုရင်ရော ဘယ်လိုတုန်း? ”

ဟော့ယွီက ရှဲ့ရွှယ်ဘက်သို့ လှည့်ကြည့်လိုက်လေ၏။

ရှဲ့ရွှယ်က မျက်ရည်စတို့ကို သုတ်လျက် အတန်ငယ် မရွှင်မပျဖြင့် ပိုင်ကျင်းကို တစ်ချက် ကြည့်လိုက်ရင်း:“ ငါက အသားကင် စားချင်တာ၊ လှားကျီး(အမှိုက်)ဈေးမှာ စားချင်တာ ”

“ အဲ့ဒါဆို လှားကျီးဈေးကိုပဲ သွားကြတာပေါ့ ”

ပိုင်ကျင်း:“ အာ ....... ဒါကြီးက အရမ်း ...... ကောင်းပြီလေ ...... ”

ရှဲ့ရွှယ် ရှိနေသဖြင့် ဟော့ယွီက ရှဲ့ချင်းချန်ကို အတန်ငယ်မျှ အလေးထားပေးသော အသွင်ဖြင့် အကြင်သူ့ကိုလည်း တစ်ခွန်း မေးလိုက်ပါ၏။

“ ခင်ဗျားကရော? ”

“ ငါ မလိုက်တော့ဘူး၊ ဒီခွေး အတွက် ဆေးထိုးဖို့နဲ့ မမွေးခင် လုပ်ရမဲ့ ဆေးစစ်ချက်တွေ လုပ်ပေးဖို့ ငါ ခေါ်သွားပေးလိုက်ဦးမယ်၊ မင်း မွေးချင်တယ်ဆိုရင်တော့ နောက်ကျရင် ငါ မင်းဆီကို ပို့ပေးလိုက်မယ် ”

သူက ပြောရင်းနှင့် သူ့ခြေထောက်ဘေး၌ နာခံစွာ ထိုင်နေသော ရှောင်ဟွမ်ကို တစ်ချက် ကြည့်လိုက်လေသည်။

အံ့ဩစရာကောင်းသည်မှာ ရှောင်ဟွမ်သည် ရှဲ့ချင်းချန်ကို သဘောကျနေခြင်းပေ။ ရွှင်ပျမြူးထူးစွာဖြင့် အကြင်သူ့နံ‌ဘေးတွင် လှည့်ပတ်နေရင်း အမွေးပွပွအမြီးဝါလေးကို နှံ့လျက်ဖြင့် ဝုတ်ခနဲ ဟောင်လိုက်လေ၏။

ဆေးမှတ်တမ်းချုပ်Where stories live. Discover now