Part-10

31.1K 2.8K 39
                                    

"ဂြီ....."ခနဲအော်မြည်လာတဲ့
ဗိုက်ကိုလက်နှစ်ဖက်နှင့် ပိုက်ပြီးဖိထားလိုက်မိသည်

Yrrrr...ဗိုက်ဆာလိုက်တာ.!!!

လောလော..လောလောနဲ့
ကျောင်းကားပေါ်မှာထမင်းချိုင့်မေ့ကျန်ခဲ့သည့်
ကိုယ့်ကိုယ်ကိုဘဲဒေါသထွက်နေမိသည်..

သွားဝယ်စားဖို့ပိုက်ဆံကလဲပါမလာ

သူငယ်ချင်းမတွေကလဲ
မနတ်ကကျောင်းလစ်ပြီးရုပ်ရှင်သွားကြည့်တာ
ခုထိကိုပြန်ပေါ်မလာတော့

သီချင်းနားထောင်ဖို့ကြည့်လိုက်တော့

Garrrrrr...
ဖုန်းဘဲပါလာသည်
Earphone ကအခန်းထဲကလွယ်အိတ်ထဲ
ကျန်နေခဲ့သည်

သက်ဝေယံ..နင်ဒီနေ့တော်တော်ကံဆိုးနေပါလား?

"ဟူး........."
လေပူတစ်ချက်ကိုမူတ်ထုတ်လိုက်တော့
နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်တွေပင်
လေထဲဝဲပျံတက်သွားသည်..

"ဝုန်း!"

"အမေ့..!"

ရုတ်တရက်ကြီးသက်ဝေယံထိုင်နေတဲ့
ခုံတန်းလေး လူပ်ခါသွားသဖြင့်
လှည့်ကြည့်လိုက်မိတော့..

ဟာ..ဟိုလူကြီး..

ဒူးကိုချိတ်
ခုံတန်းရဲ့နောက်အမှီကို မှီပြီး
ဟန်ပါပါနှင့်ကို ထိုင်ချလိုက်သောထိုလူသည်
သက်ဝေယံဘက်ကိုတစ်ချက်လေးမှ
လှည့်မကြည့်

Earphoneကို နားမှာတပ်လိုက်ပြီး
မျက်လုံးလေးမှိတ် လက်လေးပိုက်ကာ
ဇိမ်ကျနေသည့် ထိုသူကို သက်ဝေယံကြည့်မရတော့

တခြားခုံတွေကိုကြည့်လိုက်တော့
လွတ်နေသည့်ခုံတွေကအများကြီး

ဒီခုံမှာမှထိုင်ချင်တယ်ဆိုရင်လဲခွင့်တောင်းရမယ်
ဆိုတာ နားမလည်ဘူးလား မသိ

ယဉ်ကျေးမူကိုမရှိတာ

"ဒီမှာ..ဒီမှာ..!!"

အမယ်..မျက်မှောင်တစ်ချက်ကျုံ့ပြီးမျက်နှာကို
တစ်ဖက်သို့နည်းနည်းစောင်းသွားသေး..

Earphoneတပ်ထားလဲ
သက်ဝေယံ ပြောနေသည့် အသံ volumeက
ကြားနိုင်လောက်သည့်ပမာဏမျိုး

တမင်တကာကိုမကြားချင်ယောင်ဆောင်နေတာ
အသိသာကြီး

မကြားချင်ယောင်ဆောင်နေတော့လဲ..

L❤VE in the 1st sight(Completed)Where stories live. Discover now