preorderအကြောင်းအသိပေးကြေညာခြင်း

32.3K 1K 47
                                    

စောင့်လိုက်ရတာအရမ်းကြာသွားလား။😍ကလေးတို့
အကြောင်းကြောင်းကြောင့် အရမ်းကြာသွားခဲ့ရတယ်။
အဲ့အတွက်လည်းအားနာရပါတယ်လို့။

စာအုပ်အကြောင်းကိုပြောရဦးမယ်။
စာအုပ်မှာတချို့သောအပိုင်းတွေကိုဖျတ်ချထားပါတယ်။
အပြင်လူတစ်ယောက်(အထူးသဖြင့် သက်ကြီးပိုင်း၊lgbtကို ပြည့်ပြည့်ဝဝလက်မခံသေးတဲ့သူ၊အသက်မပြည့်သေးတဲ့ကလေးတွေ)ဖတ်လို့မသင့်တော်တဲ့နေရာတွေကိုဖျတ်ချထား
ပါတယ်။ အဲ့လိုဖြတ်ချသလိုထပ်ထည့်လိုက်တဲ့ အခန်းတွေ လည်းပါတယ်။
အပိုင်းပေါင်း ၅၄ပိုင်းရှိပြီး pageက၇၁၆ ဖြစ်သွားတယ်။😢
တန့်လည်းဒီထက်ပိုပြီးချုံ့လို့လည်းမရတော့ဘူး။
ဒါတောင် ဇာတ်သိမ်းအထိ main storyဘဲပါတာ ဖြစ်ပြီး extraတွေမပါဘူး။
ထူးခြားချက်အနေနဲ့ဆိုရင်တော့ ဇာတ်ဆောင်အသစ် ထပ်တိုးတယ်။ဇာတ်လမ်းဇာတ်ကွက်ပိုများပြီး ဇာတ်အိမ် တော့တူတူပါဘဲ။
နောက်ထပ်ဘာတွေပါလဲကတော့ စာအုပ်ရလာမှဘဲဖတ်ကြည့်ပါ။😛

စာအုပ်တန်ဖိုးကတော့ ၈၀၀၀ပါ။
ဈေးမြင့်သွားတာသိပေမယ့် စာမျက်နှာအရေအတွက်က
တော်တော်လေးများသွားလို့ပါ။

မြို့တွင်းအတွက်ရော နယ်အတွက်ရောအတတ်နိုင်ဆုံး
အဆင်ပြေအောင်လုပ်ပေးပါ့မယ်။
နယ်တွေအတွက်ကတော့ prepaidဖြစ်ပြီး
မြို့တွင်းကတော့ စာအုပ်လက်ထဲရောက်လာမှ
ငွေပေးချေရမှာပါ။
နယ်တွေကမှာယူသူတွေကတော့ တန်ဆာခကို မှာယူသူ တွေဘက်ကပေးချေရမှာပါ။

အခုလာမယ့်အင်္ဂါနေ့(24.4.2018)ကနေစပြီး
Preorderကောက်ခံသွားမှာဖြစ်ပါတယ်။
တစ်ခုရှိတာက wattpâdကနေ orderလို့မရပါဘူး
နော်။ Facebookကနေဘဲ orderလို့ရပါတယ်။
တန့်Facebook Accကတော့
Thet Tant Youngပါဘဲ။
ကောင်မလေးတစ်ယာက်ပုံကာတွန်းနဲ့profileလေးပါ။
တန့်အခုအားလုံးကိုacceptပေးသွားပါမယ်။

ကျန်တဲ့အသေးစိတ်အချက်အလက်တွေကို Facebookကနေ ပြောပါ့မယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်😚

L❤VE in the 1st sight(Completed)Where stories live. Discover now