Love Reborn-1 (Unicode)

10.1K 574 1
                                    


"#^(($÷_£₩(#!×&*"

အသံတစ်ခုကနားထဲတိုးဝင်လာသည်နှင့်အိပ်ယာပေါ်ကဆတ်ခနဲကောက်ထမိပြီးသက်ဝေယံလက်ကအလိုလိုPh alarmကို လှမ်းပိတ်ပစ်ပြီးသား..။

Alarm ringtoneဟာတစ်ချိန်ကအရမ်းကြိုက်ခဲ့တဲ့သီချင်းလေး..အခုတော့ ဘာမှတောင်ခံစားမနေနိုင်တော့။နာရီကိုကြည့်လိုက်တော့ ၆နာရီခွဲညာဘက်ဘေးကိုကြည့်လိုက်တော့တုပ်တုပ်တောင်မလူပ်တဲ့ဟိုလူကြီး..။ကိုယ်ပေါ်ကိုလာတင်ထားတဲ့သူ့လက်တစ်ဖက်ကိုဆောင့်ဖယ်ပစ်လိုက်တော့တစ်ဖက်လှည့်ပြီးပြန်တောင်အိပ်သွားသေး..။သူဘဲကောင်းတယ်..မသာကြီး..။ဒီအချိန်ထိသေနေနိုင်တုန်း..စိတ်ထဲကခပ်တိုးတိုးကျိန်ဆဲနေမိသည်..တစ်ချိန်ကစောင်ဖြူဖြူလေးထဲကွေးရင်း နဖူးပြင်ကိုဖွဖွလေးလာနမ်းတဲ့morning kissတွေကိုလဲ စောင့်မနေနိုင်တော့..။အခုလဲနိုးတာနဲ့သက်ဝေယံကုတင်ပေါ်ကသုတ်ခြေတင်ပြေးဆင်းရသည်..။ကိုယ့်မျက်နှာ ကိုယ်သစ်ရင်းနဲ့တင်အဲ့လူကြီးအတွက် သွားတိုက်ဆေးနဲ့သွားတိုက်တံမျက်နှာသုတ်ပုဝါ အကုန်တစ်ခါတည်းပြင်ဆင်ထားခဲ့ရသည်..။ပြီးတော့ဘုရားခန်းကိုပြေးတက်ပြီး ဘုရားပန်းအိုးလဲရသေးသည်..။ဘုရားကိုပုဆိန်ပေါက်သလိုသာဦးချနိုင်သည်..။ဘုရား..တရား..သံဃာ သုံးချက်..။အဲ့လောက်ဆိုရပြီ။မိဘ..ဆရာပါဖို့အချိန်မရဘူး..။ပြီးရင်ပြန်ပြေးဆင်းလာထမင်းကြော်ကိုပူပူလောင်လောင်နဲ့ကြော်ပြီးမနတ်စာကိုအသည်းအသန်ပြင်ဆင်နေတုန်းမှာပင်မနတ်ရနာရီခွဲနေပြီ။ရနာရီခွဲပြီဆိုအိပ်ခန်းထဲပြန်ဝင်တော့ဘိုးတော်ကအိပ်ရာပေါ်မရှိတော့..။ဟွန်း..ထုံးစံအတိုင်းသီချင်းလေးတအေးအေးနဲ့စိမ်ပြေနပြေ ရေချိုးနေမှာပေါ့...!!သူ့ကိုပေါက်ကွဲနေဖို့တောင်အချိန်သိပ်မရလိုက်အိပ်ရာခင်းတွေကိုခပ်မြန်မြန်သိမ်းလိုက်ပြီးသူ့အတွက်တဘတ်ကိုရေးချိုးခန်းကသူ့လက်လှမ်းမှီမယ့်တန်းပေါ်တင်ပေးခဲ့ရသည်..။ရေချိုးခန်းနားမှာတဘတ်လေးကိုင်ပြီးစောင့်သူထွက်လာတဲ့အခါချွဲချွဲနွဲ့နွဲ့နဲ့သူ့ရင်ခွင်ထဲခုန်ဝင်တဲ့အချိန်တွေနောက်မှာကျန်ခဲ့ပြီ..။အဲ့လိုလုပ်ဖို့လဲစိတ်မဝင်စားနိုင်တော့..။ဗီရိုထဲကတွေ့နေရတဲ့သူ့ရဲ့အဝတ်အစားပေါင်းမြောက်များစွာထဲကအဆင်ပြေလောက်မည်ထင်တာကိုဆွဲထုတ်ချပြီးနဲနဲသပ်သပ်ရပ်ရပ်ဖြစ်အောင်မီးပူပြန်တိုက်ပြီး ကုတင်ပေါ်အဆင်သင့်တင်ပေးထားလိုက်သည်..။ကြယ်သီးတွေကိုတယုတယတပ်ပေးချင်ပေမဲ့လဲ မီးဖိုချောင်ကအလုပ်တွေကပိုအရေးကြီးသည်မို့ အောက်ထပ်ကိုပြန်ပြေးဆင်းရပြန်ပြီ..။အဲ့လိုနည်းနဲ့ဘဲ သက်ဝေယံအိမ်ထောင်ကျပြီးတာတောင် ထိန်းစရာမလိုဘဲကိုယ်ရည်စစ်နေတာ..။

L❤VE in the 1st sight(Completed)Where stories live. Discover now