Love Reborn-4

28.2K 2.1K 198
                                    

"ဒီမိန်းခလေးကရုပ်ရည်လေးမဆိုးဘူးနော်
မကြီး..တစ်ချက်ကြည့်ကြည့်.."

မငယ်အတင်းထိုးပြလာသော
ဓာတ်ပုံကို မကြီးလှမ်းကြည့်သည်...

"ဒီမိန်းကလေး Bodyကပိုကိတ်တယ်မကြီး.
ကြည့်ပေးအုံး .သားသားပိုကြိုက်မလားဘဲ!!"

မလတ်အတင်းထိုးပြသောဓာတ်ပုံကိုလဲ
မကြီးလှမ်းကြည့်ရသည်...

နှစ်ယောက်ကြားထဲ မကြီးမျက်စိမလည်တော့!!

"Bodyတို့ရုပ်ရည်တို့ထက်
ဗိုင်းကောင်းကျောက်ဖိလား မဖိလားသာ
ကြည့်ကြပါ..မငယ်တို့ရယ်..
အိမ်မူကိစ္စနိုင်နိုင်းမှဖြစ်မှာလေ.."

မကြီးအပြောကြောင့် မလတ်ရောမငယ်ရော
နူတ်ခမ်းလေးတွေတစ်ချက်စူထော်ပြီး
ဓာတ်ပုံတွေကိုသာတစ်ခုပြီးတစ်ခုပြန်ကြည့်
နေကြသည်..

ဧည့်ခန်းထဲမှာထိုင်နေရင်း သူတို့မောင်ကို
မယားရှာပေးဖို့အရေးနဲ့
မိန်းကလေးဓာတ်ပုံတွေနဲ့အလုပ်အရူပ်ကြီး
ရူပ်နေသော သမီးသုံးကောင်ကို
လှေကားကွယ်ကနေ
ဒေါ်ဝင်းလဲ့ရီမျက်စောင်းသာတစ်ချက်ခဲလိုက်သည်..

"မကြီး...မလတ်...မငယ်တို့ရေ...!!!"

အာပြဲအောင်အော်ပြီး
ပျာတိပျာယာနဲ့ပြေးလာတဲ့ပြာကလပ်စိန်
ညီမဖြစ်သူမလေးကြောင့် သုံးယောက်သား
ဓာတ်ပုံတွေကြည့်နေရာမှမော့ကြည့်ကြသည်..

"ဟဲ့ ..ဟဲ့...ဟဲ့..ဖြည်းဖြည်း.."

ပြေးလာတဲ့ခြေတံရှည်တွေကို
ဘရိတ်မအုပ်နိုင်တဲ့မလေးကြောင့် မငယ်က
ထပြီး ဖမ်းတားလိုက်ကာ
ဆိုဖာပေါ်ပစ်ချလိုက်ရသည်..

"မလေးရယ်..ပြီးခဲ့တဲ့နှစ်နှစ်ကခုံကိုအကျော်
ကောင်းလို့ဒူးပြဲတာတောင်
မမှတ်သေးဘူး..."
မလတ်က မျက်စောင်းဖွဖွလေးထိုးရင်း
မလေးကိုလှမ်းပြောသည်..

ဟောဟဲ ဆိုက်နေတဲ့မလေး
အမောတောင်မဖြေနိုင်ဘဲ..

"ဝမ်းသာလို့ပါ..မလတ်ရဲ့..
အခုမလေးလေ..သားသားအတွက် အိမ်ထောင်ဖက်
ရှာလာပြီးပြီ..သိလား??!!"

မလေးစကားကြောင့် မငယ်
ဓာတ်ပူံကတ်သလောက်ကိုဝူန်းဆိုပစ်ချပြီး

L❤VE in the 1st sight(Completed)Where stories live. Discover now