"အဲ့တော့ မင်းက ဥပုသ်စောင့်တဲ့ကျားကြီး
လုပ်ခဲ့တယ်ပေါ့..ဟုတ်လား??"ဝင်းမြင့်၏မျက်လုံးပြူးပြဲပြီးမေးသော
အမေးစကားမှာဟိန်းထက်ယံခေါင်းလေး
အသာညိမ့်ပြသည်..ရှေ့ကမှာထားတဲ့အစားအသောက်ပေါင်း
မြောက်များစွာထဲမှကန်စွန်းရွက်တစ်ဖတ်ကို
တူနဲ့လှမ်းညှပ်နေတုန်း.."ဂေါက်တီးကောင်..
သောက်ဖြစ်ကိုမရှိဘူး.."မေလေးလက်ဝါးက ဟိန်းထက်ယံ လက်မောင်းကိုဖြန်းခနဲလာမိတ်ဆက်သည်..
"အား...နင်လက်မပါလို့မရဘူးလား???!!"
ဟိန်းထက်ယံ ကိုယ့်လက်မောင်းကိုပွတ်ရင်း
ထအော်လိုက်မိသည်..သူလုပ်တာနဲ့လက်ထဲကတူပါလွတ်ကျသွားတဲ့အဖြစ်..
ဒါတောင်မေလေးက အံတကြိတ်ကြိတ်နဲ့
အနားကပ်ပြီးတော့
"အဲ့ဒါမျိုးကဆွဲစိရတယ်ဟဲ့...
နင်နားမလည်ဘူးလား???""အဟမ်း...အဟမ်း....မေလေး..
ငါ့juju ဆန္ဒမပါဘဲနဲ့အဲ့ကောင်ဆွဲစိကြည့်ပါလား?
ငါ့လက်ချက်နဲ့သေသွားမယ်!!.."ခပ်တိုးတိုးနဲ့လာပြောတဲ့မေလေးအသံကိုတောင်
မြတ်မွန်ကကြားဖြစ်အောင်ကြားသွားသည်ကြားထဲက ဟိန်းထက်ယံက အချောင်
မျက်စောင်းထိုးပြီး အကြိမ်းခံလိုက်ရသေး.."တော်ပါတော့ဟယ်..နင်တို့နှစ်ကောင်ကလဲ
ဟိုကအဖြေတောင်မပေးရသေးဘူး..""အဲ့တာပြောတာလေ..
အဲ့ညတည်းကဆွဲစိလိုက်ရင် အဖြေက
Automatic ရလာမှာ.."နှင်းပွင့်ပြောသည့်စကားကိုမေလေးက
ပက်ခနဲချက်ချင်းပြန်ပြောသည်..မေလေးကြည့်ရတာ အကြီးအကျယ်ကို
မကျေမနပ်ဖြစ်နေတဲ့ပုံ..မြတ်မွန်ကသူ့လက်ထဲကspyထည့်ထားတဲ့
ခွက်လေးကိုခုံပေါ်သို့ဝုန်းဆိုဆောင့်ချရင်း"အဲ့လိုလုပ်လို့ရမလား??
ဟိုကယောင်္ကျားလေးလေ..စဉ်းစားရမှာပေါ့ ..!!"မြတ်မွန်နဲ့ မေလေးတစ်ယောက်တစ်ပေါက်အသံ
တွေကြားမှာ..ဟိန်းထက်ယံနားညည်းလာသည်..ညဦးပိုင်းအချိန်လေး..
ကိုယ့်ဟာကိုယ် အေးအေးဆေးဆေး Barမှာ
သာယာနေပါမယ်ဆိုနေ
ပျင်းလို့ ဝင်းမြင့်ကိုခေါ်မိကာမှ အဲ့ဟာမတွေပါ
ပါလာသည်..

YOU ARE READING
L❤VE in the 1st sight(Completed)
HumorUNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်အရူံးပေးရလိမ့်မယ်....❤ ZAWGYI VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျား...