Part-15

31.9K 2.7K 136
                                    

ဟိန်းထက်ယံ မှောက်ခုံနေလိုက်..ဘေးလှည့်လိုက်
ပက်လက်လှန်လှဲလိုက်နှင့် New feedsကို
ပွတ်နေမိသည်..

YUFL သင်္ကြန် postတွေကြီးဘဲ
ပွစိတက်နေသည်မှာမမြင်ချင်မှအဆုံး

Notiကလေး "တောင်"ခနဲ
တက်လာတာကြည့်လိုက်တော့
ဝင်းမြင့်က ဟိန်းထက်ယံကို mention
ခေါ်ထားတာတွေ့လိုက်ရသည်..

.ဒီကောင်ဘယ်ပေါက်ကရpostတွေအောက်
Mentionခေါ်ထားပါလိမ့်..

ဟိုတလောကလဲ
အပြာကား ကြည့်တာများရင် ပန်းသေတတ်သည်
ဆိုသည့် ဆိုသည် postအောက်မှာ
Mention ခေါ်ထားသည်မို့ ဆဲပြီးပြီ..

ကိုယ့်ဟာကိုယ် ကြည့်တာကကြည့်တာဘဲ!
လူကြားသူကြားထဲ mentionခေါ်တာကတော့
လွန်လွန်းသည်..

ဟိန်းထက်ယံ notiကိုလက်ညိုးလေးနှင့်
ဖိနှိပ်လိုက်တော့..

"ဟမ်!!"

The way he stares his crush

Captionကဘာလား??

ငင့်..likeတွေက ၅၀၀ကျော်နေပြီ
Cmtတွေကလဲတစ်ခုပြီးတစ်ခု
တက်လာသည်..

ကြည့်လိုက်တော့
Photoလေးသုံးပုံကို
Collage လုပ်ပြီးတင်ထားတဲ့ပုံ

အပေါ်ဆုံးက တစ်ပုံမှာ စိုင်းစိုင်းခမ်းလိုင်က
ဝတ်မူံရွှေရည် ကို ငေးကြည့်နေသည့်ပုံလေး.

ဒုတိယတစ်ပုံကဂျပန် anime ရုပ်ပုံစံ
ကောင်လေးနှစ်ယောက်မှာ ဆံပင်အနက်နဲ့ကောင်လေးတစ်ယောက်က
ဆံပင်အဖြူနဲ့ကောင်လေးကို
ငေးကြည့်နေတဲ့ပုံလေး..

တတိယပုံက.....

ဖုန်းထဲကိုမျက်လုံးကျွတ်ကျတော့မတတ်
ခေါင်းစိုက်ပြီးကြည့်လိုက်တော့

Garrrrrrrr!!!မြတ်မွန်မ

..........

"မင်းနဲ့ပြသနာတက်...ရှင်းလေဆိုးလေ..🎵"

"Hello"

Ph screenကို မကြည့်ပါဘဲနှင့်..
လက်တစ်ဖက်က ဖုန်းကိုလှမ်းကိုင်လိုက်သည်

လက်တစ်ဖက်ကပေါက်ပေါက်ဘူးကို
အနိုက်မပျက်သလို
မျက်လုံးက lap topပေါ်က Running man
ကိုအကြည့်မပျက်

L❤VE in the 1st sight(Completed)Where stories live. Discover now