Part-17 (Unicode)

8.3K 910 1
                                    

စာရွက်တစ်ရွက်ပေါ်မှာရှိနေတဲ့ဂျပန်စာ စကားလုံးတွေကိုတစ်ခါမှမမြင်ဖူးတဲ့အရာတစ်ခုလို စိုက်ကြည့်နေမိသည်မှာဘယ်လောက်ကြာပြီလဲမသိတော့...။စားပွဲတင်နာရီလေးဆီအကြည့်ရောက်မိသွားတော့9:01 Pmအဲ့လူကြီးခုထိ phမဆက်သေးဘူး...။9Pmဆိုကြားရတတ်တဲ့I'm only one call away 🎵ဆိုတဲ့ ring toneသံလေး ကိုမျှော်မှန်းမသိ မျှော်နေမိကြောင်းကိုယ့်ကိုယ်ကိုသတိထားလိုက်မိတော့အရှေ့ကစားပွဲပေါ်ကစာရွက်လေးဟာစက္ကန့်ပိုင်းအတွင်းမှာပင်တစ်စစီဆွဲဖြဲ ပြီးသားဖြစ်သွားသည်..။


"တောက်...!!!"


ဖြဲပြီးသား စာရွက်အပိုင်းအစတွေကိုလုံးချေပစ်ပြီးခပ်လှမ်းလှမ်းက အမိူက်ပုံးထဲ ပစ်ထည့်လိုက်ကာတောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်မိလိုက်သည်..။ထိုင်နေရက်သားနဲ့စားပွဲနောက်မှီပေါ် မှီချလိုက်ပြီးအပေါ်မျက်နှာကျက်ကိုသာစိုက်ကြည့်နေမိသည်..။အဝါရောင်ခပ်ဖျော့ဖျော့ နံရံမှာ သူ့ဟာသူတွယ်ကပ်နေတဲ့ အိမ်မြောင်ကိုလဲသက်ဝေယံ အလကားနေရင်းမျက်မုန်းကျိူးနေမိသည်..။ဒီနေ့ဖြစ်ခဲ့သမျှကိစ္စတွေအကုန်ခေါင်းထဲအစီအရီတိုးဝင်လာတော့ခေါင်းတွေကမခံမရပ်နိုင်လောက်အောင်ကိုကိုက်ခဲလာသည်မို့စားပွဲပေါ်ကို မျက်နှာကိုမှောက်ချလိုက်မိသည်..။စိတ်တွေ ဂယောက်ဂယက်နဲ့ဘယ်လိုနေလို့ နေရမှန်းမသိတော့..ဘေးနားမှာ တင်ထားတဲ့ ph လေးဆီကFlash lightလေး ဖျတ်ခနဲ ပွင့်သွားချိန်မှာသူလားဆိုတဲ့ မျှော်လင့်ချက်နဲ့လှမ်းကြည့်လိုက်မိပေမယ့်ထွက်ပေါ်လာတဲ့ Ring toneသံဟာသူ့အတွက်သီးသန့်ထည့်ပေးထားတဲ့အသံမဟုတ်လေတော့ရင်ဘက်တစ်နေရာကဆစ်ခနဲနာကျင်သွားသလို...။သက်ဝေယံဖုန်းကိုမကိုင်ဘဲပစ်ထားလိုက်သည်..ဒီအချိန်မှာဘယ်သူနဲ့ဘာဆိုဘာမှပြောချင်စိတ်ကိုမရှိAustin Mahone ရဲ့All I ever need..တစ်ခါ..🎶နှစ်ခါ🎼သုံးခါ🎵သုံးခါမြောက်မှာတော့


"Hello.."


ဖုန်းကိုလှမ်းယူပြီးကိုင်လိုက်သည်.။


"Jujuလား??"


Juju လို့စ ခေါ်သည့်အသံကြားတော့အမမြတ်မွန်မှန်းတန်းသိနေနှင့်ပြီမို့

L❤VE in the 1st sight(Completed)Where stories live. Discover now