Part-14 (Unicode)

9.1K 883 8
                                    

"မြနန္ဒာ ရေညိုညို ရစ်ကာသန်းလို့...ရွှေမန်းတောင်ရိပ်...🎶"


ကျောင်းမြေသို့ခြေချလိုက်သည်နှင့်ဟိုးနှစ်ပေါင်းများစွာထဲကယခုထိမရိုးနိုင်သေးတဲ့သင်္ကြန်သီချင်းလေးကပျံ့လွင့်လာသည်..။ကန်တင်းရှေ့ကသစ်ပင်ရိပ်အောက်မှာရပ်စောင့်နေသည့်ဝင်းမြင့်ကိုလှမ်းတွေ့လိုက်သည်မို့သူ့ဆီအပြေးသွားလိုက်တော့..


"ရော့..ဒီမှာအကျႌ"


ဒီနှစ်ကျောင်းသင်္ကြန်ပွဲတော်အမှတ်တရအနေနဲ့ကျောင်းသားသမဂ္ဂကထုတ်သည့်ရှပ်အကျႌအဖြူဝယ်ထားသည်လေ..။သူ့လက်ထဲကရှပ်အကျႌအဖြူလေးကိုလှမ်းဆွဲယူလိုက်ရင်း


"ဟိုကလေးရော လာပြီလား??"


ဝင်းမြင့်ကမျက်မှောင်ကုတ်ကြည့်ပြီး


"ရောက်တာနဲ့အဲ့ကလေးဘဲကြည့်လို့မရတော့ဘူး.."


"မင်းကလဲကွာ..ငါ့မှာသူ့ကိုရေလောင်းရဖို့ရေဘူးသီးသန့်ထည့်လာရတာ..ဟီး"


အသင့်ယူလာတဲ့ရေဘူးလေးကိုထောင်ပြလိုက်တော့ဝင်းမြင့်ကလှမ်းဖမ်းဆွဲသည်။


"ဟေ့ကောင့်..မလုပ်နဲ့..gucci brandရေမွှေးကိုပုလင်းလိုက်မှောက်ချပြီးထည့်ထားတာကွ!!"


တော်ပါသေးရဲ့.အရှောင်မြန်ပေလို့.ငါ့ရေဘူးလေး..။


"မင်းကလဲကိုင်ကြည့်လို့တောင်မရဘူးလား?"


"မရဘူး!! မေတ္တာသုတ်ကို၃၆ ခါရွတ်ပြီး မန်းမူတ်ထားတာ..မင်းလက် ညစ်တီးညစ်ပတ်နဲ့.."


လို့အော်ပြောလိုက်တော့ ဝင်းမြင့်မျက်နှာကခရမ်းသီးမီးဖုတ် သလိုရူံ့တွသွားပြီး


"မင်းမေတ္တာသုတ်ရောမှန်မှန်ကန်ကန်ရွတ်တတ်လို့လား??"


"အဟီး..OS ကျေးဇူးနဲ့ရွတ်တတ်သွားပြီ"

L❤VE in the 1st sight(Completed)Where stories live. Discover now