ကိုယ့်မျက်စိရှေ့စားပွဲပေါ်က
ခေါက်ဆွဲပြုတ် ဟု အမည်ရသည် ဟူသော
အရာ ထည့်ထားသည့်ပန်းကန်ကိုငုံ့ကြည့်သည်..ပြီးတော့သက်ဝေယံ ဟိန်းထက်ယံကိုပြန်မော့
ကြည့်သည်.."စားလေ..ဘာလုပ်နေတာလဲ??"
ခေါက်ဆွဲပြုတ်စားချင်သပဆိုလို့
ပြုတ်ပေးထားရတာကို
အခုကျ မစားဘဲ ဟိန်းထက်ယံကိုပြူးပြဲကြည့်
နေတဲ့ အဲ့ကလေးကို ပြောလိုက်သည်.."ခင်ဗျားခေါက်ဆွဲပြုတ်ရုပ်ကိုလဲ
ခင်ဗျားပြန်ကြည့်အုံး..."ဟိန်းထက်ယံပန်းကန်ထဲကိုလှမ်းကြည့်လိုက်တော့
အင်း..ဘာဖြစ်လို့လဲ??
လုံးလုံးရှည်ရှည် အချောင်းလိုက်လေးတွေပါ
ရုံနဲ့
ခေါက်ဆွဲလို့သိရတာဘဲကို..
အရည်မရှိတော့တာလေးဘဲရှိတာ"မင်းကို ခုနတည်းက
လာစားဖို့ပြောတာဘဲ..Computerရှေ့ကမှ
မထတာ.."အမှန်ကတော့ အစတည်းက
အရည်မှန်းထည့်တာနည်းသွားတဲ့အပြင်
Phပွတ်နေရင်းနဲ့မို့ အရည်ကခန်းသွားသေးသည်ဟိုကလေးကလဲcomputerရှေ့က
တော်ရုံနဲ့ ကြွချီမလာတော့
ခေါက်ဆွဲဖတ်တွေကပွသွားပြီး
ခေါက်ဆွဲပြုတ်က နေ ဆီချက်ဘဝရောက်သွားခြင်း"ဘယ်လိုဘဲဖြစ်ဖြစ်စားချင်စရာကို
မရှိတော့ဘူး.."သက်ဝေယံ ပါးစပ်ကပွစိပွစိပြောနေရင်း အရည်တစ်စက်မှမရှိတော့တဲ့
ခေါက်ဆွဲဖတ်တွေကို ခရင်းနဲ့ဆွဲလိပ်ပြလိုက်ပြီး"..ဒီမှာကြည့်စမ်း..
တီကောင်တွေအကောင်လိုက်လိပ်ထည့်ထားတာ
ကျနေတာဘဲ!!!"ခေါက်ဆွဲဖတ်အထွေးလိုက်ပါတဲ့
ခက်ရင်းကြီး မျက်စိရှေ့နားထိရောက်လာသော
ကြောင့် ဟိန်းထက်ယံ ကျောရိုးထဲထိ
စိမ့်တက်သွားသည်..ဘုရား..ဘုရား..ဆောင့်သာထိုးထည့်လိုက်ရင်..
မျက်စိနားကနေ သူ့ခက်ရင်း သူပြန်ဖယ်သွားတော့မှ
ဟိန်းထက်ယံအသက်ဝဝပြန်ရူနိုင်တော့သည်..ဒါတောင်သူ့ခက်ရင်းကို ပန်းကန်ထဲဆောင့်
ဆောင့် ချနေလို့ တဂျစ်ဂျစ်နဲ့အသံကြားနေရ
သေးသည်..
YOU ARE READING
L❤VE in the 1st sight(Completed)
HumorUNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်အရူံးပေးရလိမ့်မယ်....❤ ZAWGYI VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျား...