ရေချိုးပြီးခါစမို့ bathrobeကြီးနှင့်
ခက်သဇင်တစ်ယောက်
မှန်တင်ခုံရှေ့မှာကြွကြွရွရွလေးထိုင်လိုက်သည်..ဇင်ရော်တောင်မျက်ခုံးတန်းတန်းအောက်က
စူးရှတဲ့မျက်ဝန်းလှလှလေးတွေ..စင်းနေတဲ့နှာတံအောက်က
အနီရဲရဲနူတ်ခမ်းဖူးဖူးလေး..ဒီလောက်ချောတဲ့မျက်နှာလေးကို
ဟိန်းကဘာလို့သဘောမကျလာရမှာလဲလို့..မှန်ထဲကကိုယ့်ပုံရိပ် ကိုယ့်ဟာကိုယ်
ပြန်ကြည့်ရင်တောင် စိတ်တွေချမ်းသာတာ..ခုနကမီးဖိုချောင်ထဲမှာလှီးလာတဲ့
သခွားသီးတွေကိုမျက်နှာပေါ်မှာ
အကွင်းလိုက်လေးတွေ
ကပ်ထားလိုက်သည်...ခရမ်းချဉ်သီးအဝိုင်းနှစ်ခုကပါးနှစ်ဖက်ပေါ်မှာ..
အဟင်း...ဟိန်းကိုဆွဲဆောင်နိုင်ဖို့ဆို
ဒီထက်..ဒီထက်..ပိုလှနေမှကိုရမှာ..ဆံပင်ကလဲဖြောင့်လိုက်ကောက်လိုက်
ဆေးဆိုးလိုက် လုပ်လွန်းတာမို့
ပျက်စီးနေပြီလေ..ဆံနွယ်တွေကိုသံလွင်ဆီနှင့် သေချာ
လိမ်းကျံပြီးတဘက်အဖြူရောင်တစ်ခုနှင့်
ခေါင်းကိုပေါင်းနေစဉ်..."Shout out to my ex🎶"
ကုတင်ပေါ်က အနီရောင် Iphone 7လေးက
Little Mix ရဲ့ shout out to my ex
ကို ထအော်နေလေပြီ..ခေါင်းပေါ်ကတဘတ်စပြေကျမသွားအောင်
သေချာလုပ်လိုက်ပြီး ကုတင်ပေါ်က
ဖုန်းကိုလှမ်းကောက်ယူလိုက်ကာ
ကြည့်လိုက်တော့..
ဝင်လာတဲ့ Contact nameကဟင်..သက်ဝေလေး??
သက်ဝေလေးဆိုတာကို မြင်လိုက်တာနဲ့
ခက်သဇင် နူတ်ခမ်းတစ်ချက်ရွဲ့လိုက်မိသည်..အဟင်း...ဟိုကောင်စုတ်လေးဘဲ ...!!
ငါ့ကိုဘာတွေများ သွေးထပ်တိုးအောင်
လုပ်မလို့လဲမသိ..Phမကိုင်ရင်လဲ ကြောက်တယ်လို့ထင်သွားပြန်
အုံးမည်မို့
"Hel~~lo""Hello..မမခက်သဇင်လား??"
တစ်ဖက်ကအသံကထုံးစံအတိုင်း စူးတူးတူး
ခက်သဇင်ဝရံတာလက်ရန်းကိုမှီလိုက်ပြီးတော့
"ဒါပေါ့သက်ဝေလေးရဲ့...
အဟင်း..ထူးထူးဆန်းဆန်း
ဘာလို့ဖုန်းဆက်တာလဲ??"
YOU ARE READING
L❤VE in the 1st sight(Completed)
HumorUNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်အရူံးပေးရလိမ့်မယ်....❤ ZAWGYI VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျား...