Part-17

28K 2.7K 70
                                    

စာရွက်တစ်ရွက်ပေါ်မှာရှိနေတဲ့
ဂျပန်စာ စကားလုံးတွေကို
တစ်ခါမှမမြင်ဖူးတဲ့အရာတစ်ခုလို စိုက်ကြည့်နေ
မိသည်မှာ
ဘယ်လောက်ကြာပြီလဲမသိတော့...

စားပွဲတင်နာရီလေးဆီအကြည့်
ရောက်မိသွားတော့

9:01 Pm

အဲ့လူကြီးခုထိ phမဆက်သေးဘူး...

9Pmဆိုကြားရတတ်တဲ့
I'm only one call away 🎵
ဆိုတဲ့  ring toneသံလေး ကို
မျှော်မှန်းမသိ မျှော်နေမိကြောင်း
ကိုယ့်ကိုယ်ကိုသတိထားလိုက်မိတော့

အရှေ့ကစားပွဲပေါ်ကစာရွက်လေးဟာ
စက္ကန့်ပိုင်းအတွင်းမှာပင်
တစ်စစီဆွဲဖြဲ ပြီးသားဖြစ်သွားသည်..

"တောက်...!!!"

ဖြဲပြီးသား စာရွက်အပိုင်းအစတွေကို
လုံးချေပစ်ပြီး
ခပ်လှမ်းလှမ်းက အမိုက်ပုံးထဲ ပစ်ထည့်လိုက်ကာ
တောက်တစ်ချက်ကို ခပ်ပြင်းပြင်း
ခေါက်မိလိုက်သည်..

ထိုင်နေရက်သားနဲ့
စားပွဲနောက်မှီပေါ် မှီချလိုက်ပြီး
အပေါ်မျက်နှာကျက်ကိုသာ
စိုက်ကြည့်နေမိသည်..

အဝါရောင်ခပ်ဖျော့ဖျော့ နံရံမှာ သူ့ဟာသူ
တွယ်ကပ်နေတဲ့ အိမ်မြောင်ကိုလဲ
သက်ဝေယံ အလကားနေရင်း
မျက်မုန်းကျိုးနေမိသည်..

ဒီနေ့ဖြစ်ခဲ့သမျှကိစ္စတွေအကုန်
ခေါင်းထဲအစီအရီတိုးဝင်လာတော့
ခေါင်းတွေကမခံမရပ်နိုင်လောက်အောင်ကို
ကိုက်ခဲလာသည်မို့
စားပွဲပေါ်ကို မျက်နှာကိုမှောက်ချလိုက်မိသည်..

စိတ်တွေ ဂယောက်ဂယက်နဲ့
ဘယ်လိုနေလို့ နေရမှန်းမသိတော့..

ဘေးနားမှာ တင်ထားတဲ့ ph လေးဆီက
Flash lightလေး ဖျတ်ခနဲ ပွင့်
သွားချိန်မှာ
သူလားဆိုတဲ့ မျှော်လင့်ချက်နဲ့လှမ်းကြည့်လိုက်မိပေမယ့်

ထွက်ပေါ်လာတဲ့ Ring toneသံဟာ
သူ့အတွက်သီးသန့်ထည့်ပေးထားတဲ့
အသံမဟုတ်လေတော့

ရင်ဘက်တစ်နေရာက
ဆစ်ခနဲနာကျင်သွားသလို...

သက်ဝေယံဖုန်းကိုမကိုင်ဘဲ
ပစ်ထားလိုက်သည်..

ဒီအချိန်မှာဘယ်သူနဲ့ဘာဆိုဘာမှ
ပြောချင်စိတ်ကိုမရှိ

Austin Mahone ရဲ့
All I ever need..

L❤VE in the 1st sight(Completed)Where stories live. Discover now