Part-20 (Unicode)

9.6K 857 25
                                    

လှေကားထစ်တွေကို တစ်ထစ်ချင်းနင်းရင်း နင်းရင်းသုံးလွှာ သို့ရောက်သွားလေသည်..။3Aလို့ ရွှေရောင်စာလုံးလေးကပ်ထားတဲ့တံခါးရှေ့ရောက်တော့သက်ဝေယံ လူခေါ် bellကိုအသာနှိပ်လိုက်သည်..။


"တီ....တင်...တီ...တင်"


"တီ....တင်...တီ...တင်"


နှစ်ခါရှိနေပြီ..ထွက်မလာသေး..။


"တီ...တင်...တီ...တင်..."


သက်ဝေယံပေါက်ကွဲလာလေပြီ။ဂျပန်စာ N5သင်တန်းကနေတစ်ခါတည်းလာခဲ့ရပါသည်ဆိုမှဘဲဘာမှလဲမစားရသေးတော့ဗိုက်ကဆာလှပြီ..။လူကဗိုက်ဆာရင်စိတ်ကအလိုလိုတိုလာရော..။


"တီ....တင်...တီ...တင်.."


ဟာ..!!!.ထွက်မလာသေး..။သက်ဝေယံ phလေးကိုထုတ်လိုက်ကာဟိန်းထက်ယံဆီဆက်မည်ပြင်လိုက်တော့မှကျွီ ခနဲ ဟူသောမြည်သံနှင့်အတူခေါင်းစုတ်ဖွားလူတစ်ယောက်ကိုမြင်လိုက်ရသည်မို့ လန့်ပြီးလက်ထဲကဖုန်းတောင်လွတ်ကျမလိုဖြစ်သွားသည်..။သေချာကြည့်တော့မှဟိုလူကြီး..။ကြည့်ရတာအခုမှအိပ်ရာကနိုးတဲ့ပုံအိပ်မူံစုံမွှားရုပ်နဲ့အပေါ်ကတီရှပ်အဖြူအစုတ်နဲ့ ဘောင်းဘီကွာတားတစ်ထည်ကိုဝတ်ထားလေသည်..။ဟိန်းထက်ယံတံခါးသော့ဖွင့်နေရင်း


"အမတို့ကဘယ်အချိန်လာမှာလဲ??"


"နောက်နာရီဝက် တစ်နာရီဆိုရောက်မယ်ထင်တာဘဲ..နောက်ကျမယ်တဲ့!"


အိမ်ထဲကမဝင်ရသေးဘူး..မေးခွန်းကအရင်ဖြေနေရသည်မို့သက်ဝေယံစိတ်ထဲသိပ်မကြည်ချင်တော့..။


"ဖိနပ်ကိုအဲ့မှာချွတ်ခဲ့.."


တံခါးဖွင့်ပေးပြီးတော့ ဟိန်းထက်ယံလှမ်းပြောလိုက်ရင်းမီးဖိုချောင်ဘက်ဝင်သွားလေသည်..။သက်ဝေယံဝတ်ထားတဲ့ shoesအပြာရောင်လေးကိုချွတ်လိုက်ပြီးဟိန်းထက်ယံပြတဲ့နေရာမှာထားလိုက်သည်..။ပြီးတော့တိုက်ခန်းထဲလဲဝင်လိုက်ရော..။ဘုရား...ဘုရား...ဘုရား..အဲ့စကားလုံးကိုသက်ဝေယံဘယ်နှစ်ကြိမ်လောက်ရွတ်မိလိုက်လဲ မသိတော့..။ဝင်လာခဲ့မိတာ..လူအိမ်လား..ကြွက်အိမ်လားမသဲကွဲ..။ဂျင်းဘောင်းဘီတွေ အကျႌတွေဆိုတာဧည့်ခန်းလို့ သတ်မှတ်ရလောက်တဲ့အခန်းထဲက ဆတ်တီခုံပေါ်မှာတောင်ရှိနေသည်..။TVမှာကလည်းပုဆိုးတစ်ထည်ကအုပ်လျက်သား.။ဧည့်ခန်းနဲ့မဆိုင်တဲ့ပစ္စည်းတွေကပါအခန်းထဲရောက်နေသည်...။အမိူက်စုတ်တွေရော..မုန့်ထုတ်တွေရော..အအေးဘူးခွံတွေရော..ပွထနေလေသည်..။ဝင်ပေါက်နှင့်တည့်တည့်ကဧည့်ခန်းဧည့်ခန်းနှင့် နံရံတစ်ဖက်သာခြားသောတစ်ဖက်ခန်းက အိပ်ခန်းဖြစ်လောက်သည်။တံခါးအကာအရံတွေမရှိသည်မို့ဝင်ပေါက်နေရာကနေအိပ်ခန်းကိုလှမ်းမြင်နေရသည်..။အိပ်ခန်းလဲထိုနည်းတူပင်..။ဗီရိုထဲကအဝတ်တွေကတို့လို့တွဲလောင်းကုတင်ကရူပ်ပွစိတက်။အမယ်လေး..မူးလိုက်တာ..မူးလိုက်တာသက်ဝေယံဆိုတာအသန့်ကိုအင်မတန်ကြိုက်တာ..။ဖုန်တွေတက်နေတဲ့ပါကေးကြမ်းပြင်ပေါ်မှာခြေနင်းလို့ရလောက်တဲ့နေရာလေးတွေကိုကျော်ခွနင်းလာရင်းနဲ့လက်ထောက်ချလိုက်မိသည့်နေရာကိုကြည့်တော့ထမင်းစားစားပွဲဖြစ်ပုံရသည်..။အနောက်ဘက်မီးဖိုချောင်ကိုလှမ်းကြည့်လိုက်တော့အင်း..တစ်အိမ်လုံးမှာအသန့်ဆုံးကမီးဖိုချောင်ဘဲ..။ကြည့်ရတာမီးဖိုချောင်ကိုသိပ်သုံးပုံမရ။ဟိန်းထက်ယံကတော့ရေခဲသေတ္တာထဲကရေတစ်ဘူးကိုဆွဲထုတ်လာပြီးရေမော့သောက်နေသည်။ရေခွက်တစ်ခွက်ထဲကိုပါရေထည့်ပြီးသက်ဝေယံကိုပါတစ်ခွက်လှမ်းပေးသည်မို့အမြန်ယူကာကမန်းကတန်းသောက်ချလိုက်ရသည်..။ရေခဲရေတွေဗိုက်ထဲဂလုဂလုနှင့်ရောက်သွားတော့မှအမယ်လေး..ခုမှမူးတာနည်းနည်းသက်သာသွားတော့တယ်..။

L❤VE in the 1st sight(Completed)Where stories live. Discover now