တိုက်ခန်းထဲသို့ဝင်လာပြီးသည်နှင့်ဟိန်းထက်ယံ အရင်ဆုံးဦးတည်လိုက်မိသည့်နေရာက ဘေစင်ဆီ...။ဘေစင်ကိုလက်နှင့်ကုန်းထောက်ပြီး
"ဝေါ့.....ဝေါ့....ဝေါ့..."
စားထားသမျှခေါက်ဆွဲဖတ်တွေအကုန်လုံးကအချောင်းလိုက်ကို ပါးစပ်ထဲကပြန်ထွက်လာသည်..။
"ကူပွန် ၆စောင်တောင်ရတယ်...ရေ့..ရေ့.."
ကူပွန်လက်မှတ်၆စောင်ကိုင်ပြီးတစ်ကိုယ်လုံးချာလပတ်လည်ပြီးကိုခုန်ပေါက်နေသည့်အဲ့ကလေးကိုဟိန်းထက်ယံအန်နေရင်းနဲ့မှ ဘုကြည့်တစ်ချက် ကြည့်လိုက်သည်..။
"ပျော်နေတယ်ပေါ့လေ..ဟုတ်...ဝေါ့....."
ပြောနေတာမှမဆုံးသေး။ဗိုက်ထဲကခေါက်ဆွဲတွေကအစာမကြေသေးဘဲပြန်ပြီးပျို့တက်လာသည်။မို့ပြန်ကုန်းအန်နေရသေးသည်..။သက်ဝေယံ ကူပွန်လက်မှတ် ၆စောင်ကိုKissလေးတစ်ချက်ပေးလိုက်ပြီးကျောပိုးအိတ်ထဲထည့်လိုက်ပြီးမှအကြီးအကျယ်ကို ကုန်းအန်နေသည့်ဟိန်းထက်ယံနားသွားကာ..
"ဖြည်းဖြည်း...ဖြည်းဖြည်း..ကျွန်တော့်ကိုပြောချင်လဲနောက်မှပြော..အခုအရင်အန်လိုက်..တော်ကြာခေါက်ဆွဲဖက်စို့ပြီးသေနေအုံးမယ်.."
သူ့ကျောကုန်းကိုခပ်ဖွဖွလေးနှိပ်ပေးရင်းပြောလိုက်သည်...။နားတစ်ဖက်ထဲသို့ စီးဝင်လာတဲ့အဲ့ကလေးရဲ့ပြီတီတီအသံကြောင့်ဟိန်းထက်ယံသူ့ကိုမျက်မှောင်တစ်ချက်ကုတ်ကြည့်လိုက်တော့
"အဲ့လိုလာမကြည့်နဲ့..ခင်ဗျားသဘောတူလို့ခင်ဗျားစားတာအတင်းထိုးမကျွေးဘူး.."
နူတ်ခမ်းကိုစူထော်ထော်လုပ်ရင်းပြောနေလေသည်။ထားပါတော့..!ထားပါတော့..!ပြန်ရန်ဖြစ်နိုင်ဖို့အားတွေလဲမရှိတော့ဘူး..။အဲ့ကလေးကသူ့ကိုချစ်ရင်Ramen ၃ပွဲစာကို မိနစ် ၂ဝတည်းနဲ့ရအောင်စားပြပါဆိုလို့မကုန်ကုန်အောင်အတင်းကြိတ်မှိတ်စားခဲ့တဲ့ကိုယ့်ကိုယ်ကိုဘဲအပြစ်တင်လိုက်တော့သည်..။အချစ်သူရဲကောင်းကြီးလုပ်ချင်တာ..ခံလိုက်အုံး!!
![](https://img.wattpad.com/cover/104422506-288-k67200.jpg)
YOU ARE READING
L❤VE in the 1st sight(Completed)
HumorUNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်အရူံးပေးရလိမ့်မယ်....❤ ZAWGYI VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျား...