"မမလေးတို့ရေ...
သားသားရောက်နေပြီ.."ခြံစောင့်ဦးလေးကြီးအိမ်ရှေ့တံခါးမကြီးကလှမ်းအော်
ပြောသောစကားကြောင့် မကြီး..မလတ်..မငယ်..မလေးတို့အကြည့်တွေက
အကုန်အိမ်ရှေ့တံခါးမကြီးဆီရောက်ကုန်သည်.."ဟယ်..သားသားရောက်ပြီတဲ့.."
မလေးကပြောရင်း
ချက်ချင်းမငယ်လက်ကိုလှမ်းပုတ်တော့"လာ..လာ..သားသားကိုသွား
ကြိုရအောင်.."မကြီး၏ဦးဆောင်မူနဲ့အတူလေးကောင်သား
ဖုတ်ဖတ်ခါထပြီးအပြေးထသွားသည်.."ဝိုင်းစိန်မရေ..အထုပ်တွေသွားသယ်အုံး.."
မလတ်ကအိမ်မှာအကူလုပ်တဲ့ကောင်မလေး
ကိုလှမ်းအော်လိုက်သေး..သားသားဆိုတဲ့အသံကြားတာနဲ့တင်ကို
ဧည့်ခန်းမှာအမေဖြစ်သူနဲ့စကားပြောနေရင်းနဲ့
ပျာယာတွေခတ်ပြီး
ချက်ချင်းကောက်ကတ်ထသွားတဲ့
သမီးချောလေးယောက်..အို..အိမ်ကိုရောက်နေရသည့်ကိစ္စကလဲ
ဒီနေ့သားသားပြန်လာမယ်လို့
ဖုန်းဆက်ပြီးလှမ်းအကြောင်းကြားထားလို့သာ..မဟုတ်ရင် သူတို့လင်တွေ..သူတို့သားတွေနဲ့
အမေအိမ်ကိုခြေဦးတောင်လှည့်တာမှမဟုတ်တာ..တွေးရင်ဒေါ်ဝင်းလဲ့ရီစိပ်ပုတီးလေးတဂျောက်ဂျောက်
နဲ့တရားသာဆက်မှတ်နေလိုက်သည်..လေဆိပ်ကိုသွားပြီးအကြိုတော်
လွှတ်ခိုင်းထားတဲ့အိမ်က Driverရဲ့ကားပေါ်မှ
ဆင်းလာတဲ့မောင်လေးဖြစ်သူကို
အမလေးယောက် အိမ်ရှေ့တံခါးမကနေကြည့်
လို့မဝနိုင်...ရူလို့မဝနိုင်"ကြည့်စမ်း..သားသားနဲနဲလေးများပိန်သွား
သလားလို့..မလေး ကြည့်အုံး.""အို..မငယ်ကလဲ..အိမ်ထောင်ကျပီလေ
Bodyလေးဘာလေးထိန်းမှပေါ့..""ပိန်ပိန်ဝဝ..မလတ်တို့သားသားက
ချစ်ဖို့ကောင်းနေတုန်း..ခုထိမပျက်စီးသေးဘူး.."အမလေးယောက်လုံး
တစ်ယောက်ကိုတစ်ယောက်တွန်းထိုးရင်းပြောနေ
တုန်းမှာဘဲ သက်ဝေယံ
အိမ်ရှေ့ဆင်ဝင်အောက်ကိုခြေချလိုက်သည်နှင့်
YOU ARE READING
L❤VE in the 1st sight(Completed)
HumorUNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်အရူံးပေးရလိမ့်မယ်....❤ ZAWGYI VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျား...