Part-13 (Unicode)

9.3K 975 15
                                    

"သက်ဝေ...ဟဲ့..သက်ဝေ.."


"ဟင်~~~"


နာမည်ခေါ်သံသဲ့သဲ့လေးကိုကြားလိုက်တော့ပိတ်ကျနေတဲ့မျက်ခွံတွေကိုအတင်းပင့်တင်ပြီးပြန်ထူးဖို့ကြိုးစားနေမိသည်..။အတန်းထဲမှာဟိုဟိုဒီဒီလူပ်ရှားနေသည့်ပုံရိပ်တော်တော်များများသည်ဝိုးတိုးဝါးတား..။တစ်ဖက်ကသူငယ်ချင်းဆီသို့လှည့်အကြည့်မှာတော့


"ဗုန်း..."


စားပွဲပေါ်ကိုတံတောင်တင်ပြီးမေးထောက်ထားတဲ့လက်ကချော်ကျကာမျက်နှာနှင့် စားပွဲက ဗုန်းဆိုမိတ်ဆက်သည်..။


"အား....နာလိုက်တာ.."


ပါးတစ်ဖက်ကပူခနဲနာကျင်မူနှင့်အတူခပ်တိုးတိုးလေးညည်းတွားလိုက်မိသည်။Garrrrr!! အဲ့တာဟိုလူကြီးကြောင့်ခေါင်းကိုစားပွဲပေါ်ကနေထောင်ထဖို့ကြိုးစားနေပေမဲ့ မရတော့..။


"သက်ဝေရယ်..ထတော့နင်တစ်ချိန်လုံးငိုက်နေတာ..အခုထမင်းထစားတော့!"


သူငယ်ချင်းမ ပြောနေသောအသံသည်ကြားတစ်ချက်မကြားတစ်ချက်..။


"ဟင့်အင်း~~မရတော့ဘူး~~ငါအိပ်တော့မယ်~~"


"ဟဲ့..သက်ဝေ!"


လက်လေးတစ်ဖက်ထောင်ပြလိုက်ပြီးနောက်အတင်းကြိုးစားဖွင့်ထားရတဲ့မျက်ခွံလေးတွေက ပြန်ပိတ်ကျသွားလေပြီ..။


~~~~~~~~~~~~"သက်ဝေ..!!သက်ဝေ!!"


ပုခုံးကိုလာလူပ်သည့်အထိအတွေ့နှင့်အတူအသံတစ်ခု..။အာ....အိပ်လို့ကောင်းနေတာမှမကြာသေးဘူးသက်ဝေယံ မျက်နှာကိုတခြားတစ်ဖက်သို့လှည့်လိုက်သည်။


"သက်ဝေ!!ထတော့..ဟိုall kingဆိုတာ ရောက်နေတယ်.!!"


နားထဲသို့တိုးတိုးလေးလာကပ်ပြောသောAll king ဟူသော အသိတစ်ခုကြောင့်မျက်လုံးအစုံ ဖျတ်ခနဲပွင့်သွားသည်..။လူကိုဘာလာနှောင့်ယှက်ပြန်ပြီလဲမသိဘူး!!မနေ့ညကအတွေးထဲမှာနှောင့်ယှက်ရတာအားမရလို့ဒီနေ့အတန်းထဲထိ လာနှောင့်ယှက်နေပြန်ပြီ။မျက်လုံးအတင်းပြန်မှိတ်ပစ်လိုက်ပြီး

L❤VE in the 1st sight(Completed)Where stories live. Discover now