"မြနန္ဒာ
ရေညိုညို ရစ်ကာသန်းလို့...
ရွှေမန်းတောင်ရိပ်...🎶"ကျောင်းမြေသို့ခြေချလိုက်သည်နှင့်
ဟိုးနှစ်ပေါင်းများစွာထဲက
ယခုထိမရိုးနိုင်သေးတဲ့သင်္ကြန်သီချင်းလေးက
ပျံ့လွင့်လာသည်...ကန်တင်းရှေ့ကသစ်ပင်ရိပ်အောက်မှာ
ရပ်စောင့်နေသည့်ဝင်းမြင့်ကိုလှမ်းတွေ့လိုက်သည်မို့
သူ့ဆီအပြေးသွားလိုက်တော့.."ရော့..ဒီမှာအင်္ကျီ"
ဒီနှစ်ကျောင်းသင်္ကြန်ပွဲတော်အမှတ်တရအနေနဲ့
ကျောင်းသားသမဂ္ဂကထုတ်သည့်
ရှပ်အင်္ကျီအဖြူဝယ်ထားသည်လေ..သူ့လက်ထဲကရှပ်အင်္ကျီအဖြူလေးကို
လှမ်းဆွဲယူလိုက်ရင်း"ဟိုကလေးရော လာပြီလား??"
ဝင်းမြင့်ကမျက်မှောင်ကုတ်ကြည့်ပြီး
"ရောက်တာနဲ့အဲ့ကလေးဘဲ
ကြည့်လို့မရတော့ဘူး..""မင်းကလဲကွာ..
ငါ့မှာသူ့ကိုရေလောင်းရဖို့ရေဘူး
သီးသန့်ထည့်လာရတာ..ဟီး"အသင့်ယူလာတဲ့ရေဘူးလေးကို
ထောင်ပြလိုက်တော့
ဝင်းမြင့်ကလှမ်းဖမ်းဆွဲသည်"ဟေ့ကောင့်..မလုပ်နဲ့..gucci brand
ရေမွှေးကိုပုလင်းလိုက်မှောက်ချပြီး
ထည့်ထားတာကွ!!"တော်ပါသေးရဲ့.အရှောင်မြန်ပေလို့
.ငါ့ရေဘူးလေး.."မင်းကလဲကိုင်ကြည့်လို့တောင်
မရဘူးလား?""မရဘူး!! မေတ္တာသုတ်ကို
၃၆ ခါရွတ်ပြီး မန်းမူတ်ထားတာ..
မင်းလက် ညစ်တီးညစ်ပတ်နဲ့.."လို့အော်ပြောလိုက်တော့ ဝင်းမြင့်မျက်နှာက
ခရမ်းသီးမီးဖုတ် သလိုရူံ့တွသွားပြီး"မင်းမေတ္တာသုတ်ရောမှန်မှန်ကန်ကန်ရွတ်
တတ်လို့လား??""အဟီး..OS ကျေးဇူးနဲ့ရွတ်တတ်သွားပြီ"
"ယတြာတွေကတော့ချေနေတာဘဲ
ပြီးရင်ဘာတွေဖြစ်လာအုံးမလဲမသိဘူး.."ဝင်းမြင့်စကားကိုဘာမှထပ်ပြီး
ပြောမနေတော့
ရေဘူးကိုသာလွယ်အိတ်ထဲသို့
သေချာပြန်ထည့်လိုက်ပြီး
![](https://img.wattpad.com/cover/104422506-288-k67200.jpg)
YOU ARE READING
L❤VE in the 1st sight(Completed)
HumorUNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်အရူံးပေးရလိမ့်မယ်....❤ ZAWGYI VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျား...