နဂို ခေါင်းအုံးနဲ့ခေါင်း ထိလိုက်တာနဲ့
အိပ်ပျော်သွားတတ်တဲ့ သက်ဝေယံ
အခုအိပ်ယာထက်မှာလူးလိမ့်နေသည်..မင်္ဂလာလက်စွပ်ကိုရေကူးကန်ထဲပစ်ချရသလား
ဆိုပြီးစိတ်ဆိုးဆိုးနဲ့ပညာပြခဲ့တာ..
မှားပြီလားမသိ!!
ဒီအခန်းထဲရောက်ပြီးနာရီဝက်တိတိကြာသည်ထိ
ဟိုလူကြီးရောက်မလာဘာများဖြစ်လို့ပါလိမ့်??
တွေးမိသောအတွေးကိုကိုယ့်ဟာကို
အဖြေပြန်မထုတ်မိခင်မှာပင်
ဝုန်းဆိုကောက်ထလိုက်ပြီး
ပြတင်းပေါက်ကိုဆွဲဖွင့်ကြည့်လိုက်သည်..ရေကန်အောက်လင်းမီးတွေထွန်းထားတဲ့
ရေကူးကန်ထဲမြုပ်ချည်ပေါ်ချည်ဖြစ်နေသေးတဲ့
သူ့ကိုတွေ့လိုက်ရတော့..စိတ်ကတော့အေးသွားရသည်ကအမှန်...
အနဲဆုံးတော့ရေမနစ်သေးဘူးထင်တာဘဲ..ရေကူးကန်ရဲ့အလယ်ကနေ
ကန်ဘောင်ဘက်ကိုတရွေ့ရွေ့ကူးသွားတဲ့
သူ့ကိုကြည့်နေရင်း..တကယ်ရှာနေတာလား??
ဟန်ဆောင်ပြီးဘဲရှာနေတာလား??
မတက်နဲ့လို့ပြောခဲ့တိုင်းလည်း
မတက်လာစရာလား??စိတ်ထဲကပွစိပွစိ
တွေးရင်းနဲ့ပင်မနေနိုင်မထိုင်နိုင်သောလက်က
တဘက်ကိုဆွဲယူနှင့်ပြီးပြီ...သက်ဝေယံရေကူးကန်နားသို့ရောက်လာတော့
ကန်ဘောင်ပေါ်ကိုမေးလေးတင်ထားပြီး
အမောဖြေနေရှာတဲ့အဲ့လူကြီး..ရေထဲကနေကုန်းပေါ်ရောက်လာလို့
အသက်ရူမရတဲ့
ငါးတစ်ကောင်လို ဟစိ ဟစိ..အဲ့လိုလေးကျပြန်တော့လဲသက်ဝေယံ
စိတ်ထဲမကောင်းချင်...သက်ဝေယံလဲအနားသို့အရောက်
သူလဲရေကူးကန်ထဲကနေကုန်းရုန်းတက်လာပြီး
ကန်ဘောင်ပေါ်ထိုင်သည်..လက်ထဲကတဘတ်နဲ့သူ့ကိုနောက်ကနေ
ထွေးပတ်ပေးလိုက်တော့
လှည့်ကြည့်လာသော...
ရေမွန်းထားတဲ့နီရဲရဲမျက်လုံးတွေအရမ်းနှိပ်စက်ရာများကျသွားပြီလား??
ခေါင်းထဲကိုတိုးဝင်လာတဲ့ပထမဆုံးအတွေး...
လူပ်တုတ်တုတ်ဖြစ်နေတဲ့ပြာနှမ်းနှမ်း
နူတ်ခမ်းတွေဆီက စကားသံတချို့ထွက်ကျ
မလာခင်
YOU ARE READING
L❤VE in the 1st sight(Completed)
HumorUNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်အရူံးပေးရလိမ့်မယ်....❤ ZAWGYI VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျား...