"သက်ဝေ...ဟဲ့..သက်ဝေ.."
"ဟင်~~~"
နာမည်ခေါ်သံသဲ့သဲ့လေးကိုကြားလိုက်တော့
ပိတ်ကျနေတဲ့မျက်ခွံတွေကိုအတင်းပင့်တင်
ပြီးပြန်ထူးဖို့ကြိုးစားနေမိသည်..အတန်းထဲမှာဟိုဟိုဒီဒီလူပ်ရှားနေသည့်
ပုံရိပ်တော်တော်များများသည်ဝိုးတိုးဝါးတား..တစ်ဖက်ကသူငယ်ချင်းဆီသို့
လှည့်အကြည့်မှာတော့"ဗုန်း..."
စားပွဲပေါ်ကိုတံတောင်တင်ပြီးမေးထောက်ထား
တဲ့လက်ကချော်ကျကာ
မျက်နှာနှင့် စားပွဲက ဗုန်းဆိုမိတ်ဆက်သည်.."အား....နာလိုက်တာ.."
ပါးတစ်ဖက်ကပူခနဲနာကျင်မူနှင့်အတူ
ခပ်တိုးတိုးလေးညည်းတွားလိုက်မိသည်Garrrrr!! အဲ့တာဟိုလူကြီးကြောင့်
ခေါင်းကိုစားပွဲပေါ်ကနေထောင်ထဖို့
ကြိုးစားနေပေမဲ့ မရတော့.."သက်ဝေရယ်..ထတော့
နင်တစ်ချိန်လုံးငိုက်နေတာ
..အခုထမင်းထစားတော့!"သူငယ်ချင်းမ ပြောနေသောအသံသည်
ကြားတစ်ချက်မကြားတစ်ချက်.."ဟင့်အင်း~~မရတော့ဘူး~~ငါအိပ်တော့မယ်~~"
"ဟဲ့..သက်ဝေ!"
လက်လေးတစ်ဖက်ထောင်ပြလိုက်ပြီးနောက်
အတင်းကြိုးစားဖွင့်ထားရတဲ့
မျက်ခွံလေးတွေက ပြန်ပိတ်ကျသွားလေပြီ..~~~~~~~~~~~~
"သက်ဝေ..!!သက်ဝေ!!"
ပုခုံးကိုလာလူပ်သည့်အထိအတွေ့နှင့်အတူ
အသံတစ်ခု..အာ....အိပ်လို့ကောင်းနေတာမှမကြာသေးဘူး
သက်ဝေယံ မျက်နှာကိုတခြားတစ်ဖက်သို့
လှည့်လိုက်သည်"သက်ဝေ!!ထတော့..
ဟိုall kingဆိုတာ ရောက်နေတယ်.!!"နားထဲသို့တိုးတိုးလေးလာကပ်ပြောသော
All king ဟူသော အသိတစ်ခုကြောင့်
မျက်လုံးအစုံ ဖျတ်ခနဲပွင့်သွားသည်..လူကိုဘာလာနှောင့်ယှက်ပြန်ပြီလဲမသိဘူး!!
မနေ့ညကအတွေးထဲမှာနှောင့်ယှက်ရတာအားမရလို့
ဒီနေ့အတန်းထဲထိ လာနှောင့်ယှက်နေပြန်ပြီ
YOU ARE READING
L❤VE in the 1st sight(Completed)
HumorUNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်အရူံးပေးရလိမ့်မယ်....❤ ZAWGYI VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျား...