Part-26 (Unicode)

8.8K 793 41
                                    

ဇွန်လရဲ့ခပ်ဖွဲဖွဲ မိုးရေစက်လေးတွေလာပက်ဖြန်းတဲ့မှန်ပြတင်းပေါက်ဆီကတဆင့်အပြင်ဘက် လောကဆီကိုခက်သဇင်ငေးကြည့်နေမိသည်..။အဓိပ္ပါယ်မဲ့ငေးကြည့်နေခြင်းထက်တစ်စုံတစ်ဦးတစ်ယောက်ကိုရည်ရွယ်ချက်ရှိရှိစောင့်နေခြင်းဆိုပိုမှန်ပေလိမ့်မည်..။Cappucino ကော်ဖီရနံ့ခပ်သင်းသင်းကနှာခေါင်းဆီသို့တိုးဝင်လာတာတောင်အကြည့်မလွှဲနိုင်သေး..။ကားတချို့သွားလာနေတဲ့အနက်ရောင်ကတ္တရာလမ်းမကြီးပေါ်ကပုံရိပ်လေးတစ်ခုကိုမြင်လိုက်တော့မဲ့ပြုံးတစ်ခုက နူတ်ခမ်းထက်မှာအလိုအလျောက်နေရာယူပြီးသား...။ရှပ်အကျႌအနီရောင်အကွက်လေးဝတ်ထားတဲ့ဆံပင်အနက်ရောင်ပိုင်ရှင်ကောင်လေးတစ်ယောက်Taxiပေါ်ကဆင်းလာသည်မှစ၍ထီးအဝါရောင်လေးဆောင်းကာဆိုင်ထဲဝင်လာသည်အထိ ခက်သဇင်သေချာလိုက်ကြည့်နေမိသည်...။၁ရနှစ်အရွယ်သာမန်ကောင်လေးတစ်ယောက် ဟာ ခက်သဇင်ရဲ့ပြိုင်ဘက်ဖြစ်လာခဲ့မယ်လို့ အိပ်မက်ထဲတောင်ထည့်မမက်ဖူးခဲ့..။အသားခပ်ဖြူဖြူနဲ့အရပ်ပုပုသေးသေးကောင်လေးတစ်ယောက်မှာအစစ အရာရာ ပြည့်စုံနေတဲ့ခက်သဇင်ထက် သာလွန်တာဆိုလို့ဘာမှမရှိ။အဲ့လိုကောင်လေးမျိုးကိုမှဟိန်းက ခက်ကိုကျော်လွန်ပြီးရွေးသည်ဆိုတဲ့အချက်ကခက်သဇင်ကိုပိုခံပြင်းစေသည်..။လျှာဖျားပေါ်စိမ့်ဝင်လာတဲ့Cappucinoမှာတော့ဘာအရသာမှမရှိတော့ဝင်လာတဲ့ပုံကိုကမြောက်ကြွကြွနဲ့အရပ်များသာရှည်ရင်ဆိုင်ရဲ့ခေါင်မိုးကိုဝင်ထိုးလောက်သည်..။စိတ်ထဲက ရေရွတ်ရင်းနူတ်ခမ်းနားဆီကကော်ဖီခွက်ကိုရှေ့သို့ချကာစားပွဲနားသို့ရောက်လာတဲ့သက်ဝေယံကိုအပြုံးလှလှတစ်ခုနှင့်ကြိုဆိုလိုက်တော့


"မမ ကျွန်တော်နောက်ကျသွားတယ်ထင်တယ်.."


ရှေ့ကခုံမှာဝင်ထိုင်ရင်း ပြောလာသောသူ့ကြောင့်ဘယ်ဘက်လက်ဖြူဖြူသွယ်သွယ်လေးပေါ်ကရွှေရောင်အနားသတ်မှာစိန်ပွင့်လေးတွေကွပ်ထားတဲ့ Omega brand Watchလေးကိုအကြည့်ရောက်သွားမိသည်..။


"အဟင်း..ရပါတယ်..အဲ့လောက်နောက်မကျပါဘူးမမကတွေ့ချင်တဲ့သူဘဲ..စောင့်ရမှာပေါ့.."

L❤VE in the 1st sight(Completed)Tahanan ng mga kuwento. Tumuklas ngayon