"မေ့စမ်း..မေ့စမ်း..မေ့စမ်း.."
မနေ့ကညရော ဒီနေ့မနတ်ရော
ခေါင်းကို ထု ထုပြီးကိုယ့်ကိုယ်ကို
သတိပေးနေသည်မို့
ဟိန်းထက်ယံခေါင်းတစ်ခြမ်းတောင်
ပိန်နေလောက်ပြီထင်သည်မနေ့ညကမူးနေတဲ့အရှိန်ကမပျယ်သေးလို့
လားမသိ
ယိုင်တိုင် ယိုင်တိုင် လမ်းလျှောက်လာရင်းနဲ့
ရှေ့က သစ်ပင်ကိုမြင်လိုက်တော့
ခေါင်းနဲ့ပြေးဆောင့်လိုက်ရင်
ကောင်းမလားလို့တောင်တွေးမိသည်အဲ့တာမှဇာတ်လမ်းတွေထဲကလို
အတိတ်တွေဘာတွေမေ့ပြီး
ဟိုကလေးကိုပါတစ်ခါတည်းမေ့သွားရင်ပြီးရော..သစ်ပင်နားဆီကိုသွားပြီကာမှ
မဖြစ်သေးပါဘူး.
Oralအတွက်စာတွေပါမေ့ကုန်မှကွဲနေမည်
Listening & Speakingက
အရမ်းဖြေနိုင်ခဲ့တာဆိုတော့ဟိန်းထက်ယံ သစ်ပင်နားကနေ
အသာလေးခွာပြီး
ခပ်သွက်သွယ်ဆက်လျှောက်လာမိသည်..ခမ်းနားထည်ဝါလာတဲ့အဆောင်သစ်ကြီး
ဒါ ပထမနှစ်ကျောင်းသားတွေကို
ထားတဲ့အဆောင်မှန်း တွေးလိုက်မိတော့
သူ့အကြောင်းတွေကပါ ကပ်ရပ်တွဲပါလာသည်..ဒီနားရောက်မှခြေလှမ်းတွေဟာဘာလို့
အလိုလိုတုံ့နှေးသွားသလဲမသိPorpular Wallနားလဲရောက်ရော
နူတ်ဆက်ခါနီးတိုင်း
အင်း လို့ခေါင်းညိတ်ပြီး တာ့တာပြတတ်တဲ့
ကောင်လေးတစ်ယောက်ပုံရိပ်ကို
ပြေးမြင်မိသည်...ဒီနေရာမှာ မင်းအပြုံးတွေများ
ကျန်ရစ်ခဲ့မယ်ဆို
ကိုယ်ဖမ်းဆုပ်ဖို့ကြိုးစားနေမိမယ်ထင်ပါရဲ့
ကလေးရယ်....ရယ်သံလေးတွေ..အပြုံးတွေ..မျက်စောင်းလေးတွေ
ပြန်မရနိုင်တော့တာသေချာနေတဲ့ခံစားချက်နဲ့အတူ
ဝဲတက်လာတဲ့မျက်ရည်တွေကို
ခေါင်းမော့ပစ်လိုက်ပြီး
တားဆီးဖို့ကြိုးစားလိုက်မိသည်..ခြေလှမ်းတွေဟာ ရှေ့ဆိုဆက်လှမ်းနေမိသည်
Porpular Wallဟာလဲ
အနောက်ဘက်မှာကျန်ရစ်ခဲ့လေပြီ ..ရှေ့ခပ်လှမ်းလှမ်းဆို
နှစ်ယောက်အတူတူထိုင်နေကျပန်းခြံထဲက
ခုံပြာလေး နားသို့ရောက်လာတော့မည်ကို
၂လကျော်ရင်းနှီးနေတဲ့ အသိတစ်ခုနဲ့
ခံစားလိုက်မိသည်..
![](https://img.wattpad.com/cover/104422506-288-k67200.jpg)
DU LIEST GERADE
L❤VE in the 1st sight(Completed)
HumorUNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်အရူံးပေးရလိမ့်မယ်....❤ ZAWGYI VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျား...