Part-3 (Unicode)

15.8K 1.4K 13
                                    


"ဟင်..."


ဖိနပ်မပါခြေဗလာဖြစ်နေသည့်ကိုယ့်ခြေထောက်လေးကိုပြန်ကြည့်မိလျက်သား..။ဒုက္ခပါဘဲ..စင်ပေါ်ပြန်တက်ရပါမယ်ဆိုသက်ဝေယံစိတ်ထဲမှတိုးတိုးလေးရေရွတ်လိုက်မိသည်..။ ဖိနပ်မပါဘဲနှင့်တော့စင်ပေါ်ကိုတက်လို့မဖြစ်။


"ဟိုအကိုတို့.."


အမျိုးမျိုးသော ဝတ်စုံများအရောင်အသွေးစုံလင်လှသောမိတ်ကပ်များနှင့်လူတစ်စုသည်သက်ဝေယံကိုလှည့်ကြည့်လေသည်။


"ကျွန်တော်..အခန်းထဲမှာဖိနပ်ကျန်ခဲ့တာ..အဲ့တာသွားယူလိုက်အုံးမယ်.."


သက်ဝေယံဂါဝန်လေးမပြီးအခန်းဘက်ကိုလက်ညိုးထိုးရင်းခုန်ဆွခုန်ဆွနှင့်ပြောနေလေသည်။


"မင်းကလဲ..လုပ်ပြီ!မြန်မြန်သွားပြန်ယူ..ငါတို့တော့သွားနှင့်လိုက်တော့မယ်"


Senpai( senpaiဆိုတာကဂျပန်လိုseniorလို့ခေါ်ပါတယ်)တစ်ယောက်၏စကားအဆုံးမှာ"ဟုတ်..ဟုတ်"ဟုပြောရင်း သက်ဝေယံတစ်ယောက်အခန်းထဲသို့ကမန်းကတန်းပြန်ဝင်ရလေသည်..။ ဘယ်နားချွတ်မိခဲ့မှန်းမမှတ်မိတော့၍ဖိနပ်ကို ပြန်ရှာနေရသည်။ ခုနကခြေထောက်တွေနာလွန်း၍ချွတ်ထားခဲ့မိသည်ကိုပင်စိတ်တိုရမလားမသိ။ မချွတ်ဘဲဝတ်ထားလိုက်ရင်ပြီးနေတာကို အခန်းထဲတွင် ဂါဝန်တမမနှင့်ဟိုရှာဒီရှာလုပ်တော့စားပွဲခုံတစ်လုံးအောက်မှာ

ဟော..တွေ့ပါပြီ..။ လက်မအထူလောက်ရှိသော ဒေါက်မြင့်ဖိနပ်..။ကြိုးတွေနှင့်ရူပ်ယှက်ခတ်နေ၍အဲ့ဒေါက်မြင့်ဖိနပ်ကကြိုးတွေကိုချည်နေရသေးသည်..။

ဟူး...ဟိုအမတွေတော့ ဘယ်လိုဝတ်လဲကိုမသိ။ သူတို့ဝတ်ပေးတုန်းကတော့ဖျတ်ခနဲဆိုပြီးသွားတာ။ ခုများတော့ကြိုးချည်နေရတာတိုင်တွေပတ်နေလေသည်။ ဖြစ်ကလိုဖြစ်ကတတ်ဆန်းကြိုးချည်ပြီးသည့်နောက် အမြန်အခန်းထဲကအထွက်


"ဘုန်း" "အင့်!"


L❤VE in the 1st sight(Completed)Where stories live. Discover now