Part-16 (Unicode)

9K 922 29
                                    

YUFL ရဲ့နောက်ဆုံးဘာသာရပ်စာမေးပွဲဖြေသည့်နေ့မို့လားမသိကန်တင်းမှာလူတွေကပြည့်ကျပ်ညပ်နေသည်..။ဟိန်းထက်ယံရဲ့မျက်နှာကတော့မူန်ကုတ်ကုတ်ဘာကိုအလိုမကျဖြစ်နေသည်မသိ။မြတ်မွန် ဟိန်းထက်ယံတို့ဝိုင်းထဲဝင်ထိုင်လိုက်ရင်းဝင်းမြင့်ကို ဟိန်းထက်ယံဘာဖြစ်နေတာလဲ ဆိုတဲ့သဘောနဲ့မျက်စပစ်ပြလိုက်သည်။ဝင်းမြင့်ကဟိန်းထက်ယံဘက်ကိုမဲ့ရွဲ့ကြည့်ရင်း


"အဲ့ကောင် ဘူနေတာဟေ့!!ဘူနေတာ..ဒီနေ့လေးဘဲတွေ့ရတော့မယ်ဆိုပြီး"


အအေးခွက်လေးကိုင်ပြီးရောက်လာသည့်နှင်းပွင့်ကမျက်လုံးလေးပြူးပြီး


"အေးနော်..ဒီနေ့ကစာမေးပွဲနောက်ဆုံးနေ့ဘဲခုထိဖွင့်မပြောရသေးဘူးလား??"


ဟိန်းထက်ယံစားပွဲကိုသာစိုက်ကြည့်နေရင်းခေါင်းကိုခပ်လေးလေးခါပြသည်။


"ညံ့ချက်ဘဲ!နင်ဒီနှစ်လလုံးဘာလုပ်နေလဲ??ဟမ်!!"


မေလေးရဲ့စကားအဆုံးမှာတော့ဟိန်းထက်ယံတစ်ယောက် ရူးရူးရှဲရှဲဖြစ်သွားပြီး


"ညတိုင်းဖုန်းပြောတယ်လေ!!"


"အင်း...ပြီးတော့ .?."


"ကျောင်းမှာတွေ့ရင်လဲမုန့်တူတူထိုင်စားပြီးစကားတွေပြောဖြစ်တယ်လေ.!!"


"အင်း..ပြီးတော့ ..?."


မေလေးကနောက်ကနေသံယောင်လိုက်ပေးသည်..။


"တစ်ခါတစ်လေကျတော့စနောက်ပြီးရန်တွေတောင် ဖြစ်နေသေး..!!"


"အင်း .ပြီးတော့ .?"


"အင်း...ပြီးတော့..?"


ဟိန်းထက်ယံခေါင်းလေးကုတ်ပြီးစဉ်းစားနေသည့်အချိန်..။


"ပြီးတော့...ဘာမှဆက်မဖြစ်တော့ဘူး.."


L❤VE in the 1st sight(Completed)Where stories live. Discover now