YUFL ရဲ့နောက်ဆုံးဘာသာရပ်
စာမေးပွဲဖြေသည့်နေ့မို့လားမသိ
ကန်တင်းမှာလူတွေကပြည့်ကျပ်ညပ်နေသည်..ဟိန်းထက်ယံရဲ့မျက်နှာကတော့မူန်ကုတ်ကုတ်
ဘာကိုအလိုမကျဖြစ်နေသည်မသိမြတ်မွန် ဟိန်းထက်ယံတို့ဝိုင်းထဲ
ဝင်ထိုင်လိုက်ရင်း
ဝင်းမြင့်ကို ဟိန်းထက်ယံဘာဖြစ်နေတာလဲ ဆိုတဲ့သဘောနဲ့
မျက်စပစ်ပြလိုက်သည်ဝင်းမြင့်ကဟိန်းထက်ယံဘက်ကို
မဲ့ရွဲ့ကြည့်ရင်း"အဲ့ကောင် ဘူနေတာဟေ့!!ဘူနေတာ..
ဒီနေ့လေးဘဲတွေ့ရတော့မယ်ဆိုပြီး"အအေးခွက်လေးကိုင်ပြီးရောက်လာသည့်
နှင်းပွင့်ကမျက်လုံးလေးပြူးပြီး"အေးနော်..ဒီနေ့ကစာမေးပွဲနောက်ဆုံးနေ့ဘဲ
ခုထိဖွင့်မပြောရသေးဘူးလား??"ဟိန်းထက်ယံစားပွဲကိုသာစိုက်ကြည့်နေရင်း
ခေါင်းကိုခပ်လေးလေးခါပြသည်"ညံ့ချက်ဘဲ!
နင်ဒီနှစ်လလုံးဘာလုပ်နေလဲ??ဟမ်!!"မေလေးရဲ့စကားအဆုံးမှာတော့
ဟိန်းထက်ယံတစ်ယောက် ရူးရူးရှဲရှဲဖြစ်သွားပြီး"ညတိုင်းဖုန်းပြောတယ်လေ!!"
"အင်း...ပြီးတော့ .?."
"ကျောင်းမှာတွေ့ရင်လဲ
မုန့်တူတူထိုင်စားပြီးစကားတွေပြောဖြစ်တယ်လေ.!!""အင်း..ပြီးတော့ ..?."
မေလေးကနောက်ကနေသံယောင်
လိုက်ပေးသည်.."တစ်ခါတစ်လေကျတော့
စနောက်ပြီးရန်တွေတောင် ဖြစ်နေသေး..!!""အင်း .ပြီးတော့ .?"
"အင်း...ပြီးတော့..?"
ဟိန်းထက်ယံခေါင်းလေးကုတ်ပြီးစဉ်းစား
နေသည့်အချိန်.."ပြီးတော့...ဘာမှဆက်မဖြစ်တော့ဘူး.."
နှင်းပွင့်...မေလေး..မြတ်မွန်..
သုံးယောက်ပေါင်းပြီးပြောလိုက်တဲ့အသံကြောင့်
ဟိန်းထက်ယံကို စားပွဲနှင့် မျက်နှာကို
ပြေးဆောင့်ချင်စိတ်ပါပေါက်သွားသည်.."အခြေအနေကလုံးဝမတိုးတက်လာတာလား??"
မြတ်မွန်ကမေးလိုက်တော့
ဟိန်းထက်ယံနားရွက်ကိုတစ်ချက်ကုတ်လိုက်ပြီး
![](https://img.wattpad.com/cover/104422506-288-k67200.jpg)
YOU ARE READING
L❤VE in the 1st sight(Completed)
HumorUNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်အရူံးပေးရလိမ့်မယ်....❤ ZAWGYI VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျား...