Part-12 (Unicode)

9.5K 964 4
                                    

ခပ်မှိန် မှိန်လေးလင်းနေသောPh screenပေါ်မှBaby ဟူသော Contact nameလေးကိုထိလိုက် Back upပြန်လုပ်လိုက်နှင့်လုပ်နေသည်မှာအချိန်ဘယ်လောက်တောင်ကြာပြီမသိ..။အခုချိန်ဟိန်းထက်ယံရဲ့ဖြစ်ပျက်နေပုံကိုများမြတ်မွန်တို့အုပ်စု မြင်လျှင်မျောက်အုန်းသီး ရသည်ဟုဘဲပြောမလား??မျောက် မီးခဲကိုင်သည်ဟုဘဲပြောမလား??ကိုယ့်အဖြစ်ကိုယ် တွေးကြည့်လိုက်မိတော့ဘာရယ်မဟုတ်။သွားစွယ်တွေပေါ်လာသည်အထိ ခေါင်းကိုမော့ပြီးရယ်မောလိုက်မိသည်..။နာရီဆီကိုအကြည့်ရောက်မိသွားပြန်တော့လက်တံတိုက ၁ဝနာရီတိတိကို ညွန်ပြနေလေပြီ..။အင်း..အရမ်းတော့နောက်မကျဘူးထင်တာဘဲ။ဟိန်းထက်ယံကအမြဲ ည ၁နာရီ၂နာရီလောက်မှအိပ်တတ်သည်လေ။ဒါပေမဲ့လည်းဒီအချိန်ဆို အဲ့ကလေးအိပ်များအိပ်နေပြီလား??Phသံကိုများကြားရင် လန့်များနိုးသွားမလား??အဲ့ကလေးအတွက် စဉ်းစားနေမိသည့်ကိုယ့်ခေါင်းကို လက်နှင့် ခပ်ဖွဖွလေး ထုလိုက်မိသည်။တော်ပါပြီ!မဆက်တော့ပါဘူးPhကို ခုံပေါ်သို့ ပြန်ချထားလိုက်ပြီးခဏ မတ်တပ် ရပ်ကာ ကိုယ်ကို ဟိုဆန့်ဒီဆန့်လုပ်မိပြန်သည်..။သို့သော်လည်း..ခဏတောင်မကြာသောအချိန်လေးတွင်ပင်Ph screenပေါ်ကBabyဟူသော contact nameလေးဆီသို့အကြည့်ကရောက်သွားပြန်သည်..။တော်ပီဟာ..။ဖြစ်ချင်ရာဖြစ်..။ဒီညအတွက်တော့ သူ့အသံလေးကြားရရင်ကိုအိမ်မက်တွေ လှပနိုင်ကောင်းပါရဲ့..။Call ဟူသော Touch ခလုတ်လေးဆီသို့အသာအယာ ဖိနှိပ်လိုက်မိသည်..။


"တူ.............တူ..........တူ.........."


ဖုန်းခေါ် တိုင်း ကြားလေ့ရှိသည့်တူ.......ဟူသော မြည်သံလေးသည်ယခုတော့ ဟိန်းထက်ယံအတွက်ကမ႓ာနှင့်ချီပြီး ကြာမြင့်နေသလို...။


"Hello...."


တစ်ဖက်က ထွက်ပေါ်လာသောအသံချိုချိုကြည်ကြည်လေးကြောင့်ဟိန်းထက်ယံ ကမ႓ာတစ်ခုလုံး သကာရည်တွေလောင်းချလိုက် သလို ခံစားလိုက်ရသည်..။


"Hello..ဘယ်သူလဲ???"


ဘယ်သူလဲ?? ဘယ်သူလဲဆိုဘဲ..ဟိန်းထက်ယံလို့ဘဲ ပြောလိုက်ရမလား??ဘယ်လိုပြောရင်ကောင်းမလဲမသိ..။ဟိန်းထက်ယံတစ်ယောက်တည်းဖုန်းတစ်လုံးကိုင်ပြီးဝရံတာမှာဟိုပြေးဒီပြေးနှင့် ယောက်ယက်ခက်နေမိသည်..။

L❤VE in the 1st sight(Completed)Where stories live. Discover now