"မြတ်မွန်!! ငါ့ဖိနပ်ကိုလိုက်မနင်းနဲ့ဟာ.."
အဲ့မြတ်မွန်မဟာဘယ်တော့မှငြိမ်ငြိမ်မနေ
တစ်ခုမဟုတ်တစ်ခုကိုလိုက်ပြီးကလိနေတတ်သည်
အခုလဲလက်ထဲမှာ ဂျပန်စာဖတ်စာအုပ်
အုပ်ရေ ၆၀ကျော် မ ထားရပါသည်ဆိုမှ
နောက်ကနေဖိနပ်ကိုလိုက်နင်းနေသည်မို့
အော်ထုတ်ပစ်လိုက်ရသည်.ထိုအခါမှဘေးဘက်နားပြန်ရောက်လာပြီး
"နင်က ငါ့ကိုအော်တယ်ပေါ့လေ!
အကြံဥာဏ်ဆက်မပေးဘဲနေပစ်လိုက်ရ.."လက်နက်ကြီးနဲ့ထခြိမ်းခြောက်လေပြီ
အဲ့တစ်ချက်တည်းနဲ့ဟိန်းထက်ယံကိုသူတို့
အဖွဲ့ နိုင် နေတာ တော်တော်များပြီကန်တင်းမှာစားသမျှလဲလိုက်ရှင်းပေးရ
တစ်ခါတစ်လေ ခိုင်းသမျှတိုလီမုတ်စ တွေကအစ
အကုန်လိုက်လုပ်ပေးရသည်အခုမြတ်မွန်စားနေတဲ့ရေခဲမုန့်ကအစ
ခုနက ဟိန်းထက်ယံဝယ်ကျွေးခဲ့ရခြင်း"နေပေါ့..ဘယ်သူကအတင်းတောင်းနေလို့လဲ??"
မျက်နှာကိုမဲ့ရွဲ့ပြီးပြောပစ်လိုက်တော့မြတ်မွန်က လက်ထဲမှာကိုင်ထားတဲ့ရေခဲမုန့်လေးကို
တစ်ကိုက်ကိုက် လိုက်ပြီး"အေးပေါ့လေ..
Crushနဲ့ ကန်တင်းမှာနှစ်ယောက်တည်း
တူတူထိုင်ပြီးစားနိုင်နေပြီဆိုတော့လည်း.."မြတ်မွန်ကိုယ်တိုင်က အထင်ကြီးသည့်ပုံစံနှင့်
ပြောလာတော့လည်း
ရင်ကိုကော့ ခေါင်းကိုမော့ပစ်လိုက်ပြီး"ဒါပေါ့! ဟိန်းထက်ယံပါ..
ပြောလို့မရဘူးနော်..အခုလောက်ဆို
ဟိုကလေးက ငါ့ကိုကြွေရင်ကြွေနေလောက်ပြီ."ဟုတ်သော်ရှိ..မဟုတ်သော်ရှိ
ပြောပစ်လိုက်ရတာအရသာကိုရှိနေတာဘဲ.."အ!"
လက်မောင်းကိုအုံးခနဲလာရိုက်သောကြောင့်
ဟိန်းထက်ယံတစ်ဖက်နံရံသို့ပင်
တိုးကပ်သွားရသည်..မြတ်မွန်လက်ဝါးကသေးသလောက်စပ်လိုက်တာ
ပြောမနေနဲ့..ဟိန်းထက်ယံမြတ်မွန်ဘက်ကိုမျက်မှောင်ကုတ်ပြီး
လှည့်ကြည့်လိုက်တော့
"ဖြစ်ရချည်သေး..
ဟိုကအစားမက်ပြီးနင့်နောက်လိုက်တာကိုများ.."
YOU ARE READING
L❤VE in the 1st sight(Completed)
HumorUNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်အရူံးပေးရလိမ့်မယ်....❤ ZAWGYI VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျား...