လှေကားထစ်တွေကို တစ်ထစ်ချင်း
နင်းရင်း နင်းရင်း
သုံးလွှာ သို့ရောက်သွားလေသည်..3Aလို့ ရွှေရောင်စာလုံးလေး
ကပ်ထားတဲ့တံခါးရှေ့ရောက်တော့
သက်ဝေယံ လူခေါ် bellကို
အသာနှိပ်လိုက်သည်.."တီ....တင်...တီ...တင်"
"တီ....တင်...တီ...တင်"
နှစ်ခါရှိနေပြီ..ထွက်မလာသေး..
"တီ...တင်...တီ...တင်..."
သက်ဝေယံပေါက်ကွဲလာလေပြီ
ဂျပန်စာ N5သင်တန်းကနေ
တစ်ခါတည်းလာခဲ့ရပါသည်ဆိုမှဘဲဘာမှလဲမစားရသေးတော့
ဗိုက်ကဆာလှပြီ..
လူကဗိုက်ဆာရင်စိတ်ကအလိုလိုတိုလာရော.."တီ....တင်...တီ...တင်.."
ဟာ..!!!.ထွက်မလာသေး..
သက်ဝေယံ phလေးကိုထုတ်လိုက်ကာ
ဟိန်းထက်ယံဆီဆက်မည်ပြင်လိုက်တော့မှကျွီ ခနဲ ဟူသောမြည်သံနှင့်အတူ
ခေါင်းစုတ်ဖွားလူတစ်ယောက်ကို
မြင်လိုက်ရသည်မို့ လန့်ပြီး
လက်ထဲကဖုန်းတောင်လွတ်ကျမလိုဖြစ်သွားသည်..သေချာကြည့်တော့မှ
ဟိုလူကြီး..ကြည့်ရတာအခုမှအိပ်ရာကနိုးတဲ့ပုံ
အိပ်မူံစုံမွှားရုပ်နဲ့
အပေါ်ကတီရှပ်အဖြူအစုတ်နဲ့ ဘောင်းဘီကွာတား
တစ်ထည်ကိုဝတ်ထားလေသည်..ဟိန်းထက်ယံတံခါးသော့ဖွင့်နေရင်း
"အမတို့ကဘယ်အချိန်လာမှာလဲ??""နောက်နာရီဝက် တစ်နာရီဆိုရောက်မယ်
ထင်တာဘဲ..နောက်ကျမယ်တဲ့!"အိမ်ထဲကမဝင်ရသေးဘူး..
မေးခွန်းကအရင်ဖြေနေရသည်မို့သက်ဝေယံစိတ်ထဲသိပ်မကြည်ချင်တော့..
"ဖိနပ်ကိုအဲ့မှာချွတ်ခဲ့.."
တံခါးဖွင့်ပေးပြီးတော့ ဟိန်းထက်ယံ
လှမ်းပြောလိုက်ရင်း
မီးဖိုချောင်ဘက်ဝင်သွားလေသည်..သက်ဝေယံဝတ်ထားတဲ့ shoes
အပြာရောင်လေးကိုချွတ်လိုက်ပြီး
ဟိန်းထက်ယံပြတဲ့နေရာမှာထားလိုက်သည်..ပြီးတော့
တိုက်ခန်းထဲလဲဝင်လိုက်ရော..ဘုရား...ဘုရား...ဘုရား..
ESTÁS LEYENDO
L❤VE in the 1st sight(Completed)
HumorUNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်အရူံးပေးရလိမ့်မယ်....❤ ZAWGYI VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျား...