Part-19

31.6K 2.8K 100
                                    

ကော်ရစ်တာတစ်လျှောက်
သက်ဝေယံလျှောက်လာရင်း
အခန်းနံပါတ်တွေကို သတိထားကြည့်နေသည်

306
ဆိုသည့် ဂဏန်းလေးသုံးလုံးကို
တံခါးအပေါ်ဘက်တွင်ကပ်ထားသည်ကို
တွေ့သည်နှင့်သက်ဝေယံ
ထိုအခန်းထဲသို့အမြန်ဝင်သွားလိုက်သည်..

သင်တန်းစချိန်ထက်နာရီဝက်လောက်
နောက်ကျနေသည်လေ..

Projectorပေါ်ထောက်ပြရင်း
စာသင်နေသည့် ဆရာမကို
ခေါင်းလေးငုံ့ပြလိုက်တော့
ဆရာမကဝင်ပါဆိုတဲ့သဘောနဲ့
ခေါင်းဆတ်ပြသည်

သက်ဝေယံအခန်းထဲတစ်ချက်ဝေ့ကြည့်
လိုက်တော့..

ငင်...!!

လှမ်းလက်စခြေလှမ်းတွေတောင်
ရပ်ချင်သလိုလိုဖြစ်သွားသည်...

နောက်ဆုံးခုံတန်းရဲ့ပြတင်းပေါက်နားအစွန်ဆုံးမှာ
သက်ဝေယံကို ပြောင်စပ်စပ်မျက်နှာပေးနှင့်
ကြည့်နေသော လူတစ်ယောက်..

အမယ်!မျက်လုံးတစ်ဖက်တောင်မှိတ်ပြလိုက်သေး..

ဟူး.....
သက်ဝေယံလေပူတစ်ချက်ကိုမူတ်ထုတ်ပစ်လိုက်သည်

ဒီလူကြီးကတော့ဘယ်လိုဖြစ်ပြီး
သင်တန်းအထိပါလိုက်လာရတာပါလိမ့်..

အခုမှစတက်ရသောသင်တန်းမို့
သူငယ်ချင်းကမရှိသေး

ထို့ကြောင့်
သက်ဝေယံကျောပိုးအိတ်လေးကို
ပြန်ပြင်လွယ်လိုက်ရင်း
သူ့နားသွားထိုင်ဖို့ လုပ်လိုက်ပြီးကာမှ

မဖြစ်သေးပါဘူး!!အလကားနေရင်း
ဘဝင်ကမြင့်သွားအုံးမယ်
သူ့နားသွားထိုင်ရင်..😐

တွေးမိတဲ့အတွေးနဲ့အတူ
မျက်နှာကိုခပ်တန်းတန်းထားပစ်လိုက်ပြီး
လှမ်းမိတဲ့ခြေလှမ်းတွေကို
နှစ်လှမ်းလောက် နောက်ပြန်ဆုတ်ကာ
ဒုတိယတန်းမှာ ဝင်ထိုင်လိုက်သည်..

အဲ့လူကြီးမျက်နှာကြီးမည်းသွားတာကို
မျက်ဝန်းထောင့်စွန်းမှမြင်မိလိုက်တော့
သက်ဝေယံ ကျေနပ်ပြုံးလေးပြုံးလိုက်မိသည်..

သူ့ကိုကလိရတာကိုသက်ဝေယံ
သဘောအကျဆုံး..

ပြီးခဲ့တဲ့တစ်ပတ်တည်းကသင်တန်းစဖွင့်သည်မို့
သက်ဝေယံ လွတ်သွားတဲ့စာအုပ်တွေကို
ဘေးကထိုင်တဲ့သူဆီကတောင်းနေရင်းနဲ့
သူငယ်ချင်းတွေဖြစ်သွားလေသည်..

L❤VE in the 1st sight(Completed)Where stories live. Discover now