Part-11 (Unicode)

9.4K 1K 6
                                    


"မြတ်မွန်!! ငါ့ဖိနပ်ကိုလိုက်မနင်းနဲ့ဟာ.."


အဲ့မြတ်မွန်မဟာဘယ်တော့မှငြိမ်ငြိမ်မနေ။တစ်ခုမဟုတ်တစ်ခုကိုလိုက်ပြီးကလိနေတတ်သည်။အခုလဲလက်ထဲမှာ ဂျပန်စာဖတ်စာအုပ်အုပ်ရေ ၆ဝကျော် မ ထားရပါသည်ဆိုမှနောက်ကနေဖိနပ်ကိုလိုက်နင်းနေသည်မို့အော်ထုတ်ပစ်လိုက်ရသည်.။ထိုအခါမှဘေးဘက်နားပြန်ရောက်လာပြီး


"နင်က ငါ့ကိုအော်တယ်ပေါ့လေ!အကြံဉာဏ်ဆက်မပေးဘဲနေပစ်လိုက်ရ.."


လက်နက်ကြီးနဲ့ထခြိမ်းခြောက်လေပြီ။အဲ့တစ်ချက်တည်းနဲ့ဟိန်းထက်ယံကိုသူတို့အဖွဲ့ နိုင် နေတာ တော်တော်များပြီ။ကန်တင်းမှာစားသမျှလဲလိုက်ရှင်းပေးရ။တစ်ခါတစ်လေ ခိုင်းသမျှတိုလီမုတ်စ တွေကအစအကုန်လိုက်လုပ်ပေးရသည်။အခုမြတ်မွန်စားနေတဲ့ရေခဲမုန့်ကအစခုနက ဟိန်းထက်ယံဝယ်ကျွေးခဲ့ရခြင်း။


"နေပေါ့..ဘယ်သူကအတင်းတောင်းနေလို့လဲ??"


မျက်နှာကိုမဲ့ရွဲ့ပြီးပြောပစ်လိုက်တော့မြတ်မွန်က လက်ထဲမှာကိုင်ထားတဲ့ရေခဲမုန့်လေးကိုတစ်ကိုက်ကိုက် လိုက်ပြီး


"အေးပေါ့လေ..Crushနဲ့ ကန်တင်းမှာနှစ်ယောက်တည်းတူတူထိုင်ပြီးစားနိုင်နေပြီဆိုတော့လည်း.."


မြတ်မွန်ကိုယ်တိုင်က အထင်ကြီးသည့်ပုံစံနှင့်ပြောလာတော့လည်းရင်ကိုကော့ ခေါင်းကိုမော့ပစ်လိုက်ပြီး


"ဒါပေါ့! ဟိန်းထက်ယံပါ..ပြောလို့မရဘူးနော်..အခုလောက်ဆိုဟိုကလေးက ငါ့ကိုကြွေရင်ကြွေနေလောက်ပြီ."


ဟုတ်သော်ရှိ..မဟုတ်သော်ရှိပြောပစ်လိုက်ရတာအရသာကိုရှိနေတာဘဲ..။


"အ!"


လက်မောင်းကိုအုံးခနဲလာရိုက်သောကြောင့်ဟိန်းထက်ယံတစ်ဖက်နံရံသို့ပင်တိုးကပ်သွားရသည်..။မြတ်မွန်လက်ဝါးကသေးသလောက်စပ်လိုက်တာပြောမနေနဲ့..။ဟိန်းထက်ယံမြတ်မွန်ဘက်ကိုမျက်မှောင်ကုတ်ပြီးလှည့်ကြည့်လိုက်တော့

L❤VE in the 1st sight(Completed)Where stories live. Discover now