ရှေ့ကစားပွဲခုံအရှည်လေးပေါ်တင်ထားတဲ့
ခြင်းလေးထဲက
ကြက်ကြော်တုံးတွေကို တစ်ခုချင်းစီ
သေချာဖဲ့နေရသည်..ဟိန်းထက်ယံကဖဲ့လိုက်..
သက်ဝေယံကကောက်စားလိုက်နဲ့..သူကောက် ကောက်စားတာမြန်လွန်းလို့
ဖဲ့ရတဲ့သူကလက်တောင်မလည်တော့..ဟိန်းထက်ယံ ပါးစပ်ထဲကိုလည်းခုထိ
ကြက်သားနဲ့တူတာဆိုလို့ဘာမှမဝင်သေးဒါပေမဲ့လည်း
စားပွဲခုံပေါ်မေးလေးထောက်ပြီး
ကြက်သားဝါးနေတဲ့ပါးဖောင်းဖောင်းလေး
တစ်ဖက်ကို မြင်နေရတာနဲ့တင်
ဟိန်းထက်ယံ ဗိုက်အလိုလိုတင်းနေပြီ..သက်ဝေယံ
ပါးစပ်ထဲကကြက်သားကိုဝါးနေရင်း
ဘေးဘက်ကို မျက်လုံးလေး
စွေကြည့်လိုက်မိတော့ဟင်..အဲ့လူကြီးခုထိဘာမှမစားသေးဘူးလား??
သက်ဝေယံ ရှေ့ကကြက်သားတစ်ဖက်ကို
ကောက်ယူပြီး အချဉ်ရည်တစ်ခွက်ထဲနှစ်ကာ
ဟိန်းထက်ယံကို ကျွေးလိုက်သည်..ဟိန်းထက်ယံ မျက်စိရှေ့ကိုရောက်လာတဲ့ကြက်သားဖတ်ကို
ကြည့်ပြီး"ငါ Chilli မကြိုက်ဘူး.."
ခွံ့ကျွေးတာကို စားစရာရှိ မစားဘူး..
ကျွေးရတဲ့သက်ဝေယံ လက်ရှက်သွားသည်..ဘေးမှာProject Groupကလူတွေ
ရှိနေလို့သာ..
သက်ဝေယံ အဲ့ကြက်သားဖတ်ကို
ကိုယ့်ပါးစပ်ထဲကိုယ်သာပစ်ထည့်လိုက်သည်..မဟုတ်ရင် အဲ့လူကြီးပါးစပ်ထဲအတင်းမရမကထိုးထည့်ပြီး
ကျွေးမှာ..မျက်နှာစူပုပ် ...ပါးကိုဖောင်း..နူတ်ခမ်းကိုထော်ပြီး
တစ်ဖက်သို့ပြန်လှည့်သွားတဲ့
အဲ့ကလေးလေးကြောင့်
နူတ်ခမ်းပါးထက်မှာအပြုံးကအလိုအလျောက်
ချိတ်ဆွဲပြီးသား..အဲ့လိုကောက်သွားတာလေးကိုချစ်လို့ကို
တမင် ကလိလိုက်တာ..ခုတော့ဖြင့်ဟိန်းထက်ယံဘက်ကို
လှည့်ကိုမကြည့်တော့.."အကိုကြီးကလဲ..
ညီလေးကကျွေးနေတာကို စားမှပေါ့.."အဖွဲ့ထဲက ခေါင်းဆောင်ဖြစ်တဲ့အမ
ဝေနှင်းအောင် ကခပ်နောက်နောက်လေးလှမ်း
ပြောသည်..
YOU ARE READING
L❤VE in the 1st sight(Completed)
HumorUNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်အရူံးပေးရလိမ့်မယ်....❤ ZAWGYI VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျား...