L ❤VE in the 1st sight (part-2)
အခုဆိုရင်တော့ပထမနှစ်
Fresherလေးများရဲ့ မိတ်ဆက်ပွဲပြီးဆုံးသွားပါပြီ"ကြေညာသံကိုကြားလိုက်ရတဲ့အခါမှာ
ဟိန်းထက်ယံတစ်ယောက် ဟာခနဲဖြစ်သွားသည်..ဒီလောက်ထိစင်ပေါ်တက်လာတဲ့
Fresherမှန်သမျှကိုမျက်စိဒေါက်ထောက်
ကြည့်နေတာတောင်
သူမကိုအစလေးတောင်ရှာမတွေ့ခဲ့သွားပါပြီကွာ..ဟင့်..!
ဘယ်နားကဘယ်လို သွားရှာရမည်မှန်းမသိတော့
"ဘယ်မှာလဲ?မင်းရဲ့နတ်သမီးလေး!"
လူကရှာမတွေ့လို့ငိုချင်နေပါသည်ဆိုမှ
စိတ်တိုတိုနဲ့ဝင်းမြင့်ကိုဘု ကြည့် ကြည့်ပေးလိုက်ရင်း
"အဲ့တာမင်းလုပ်လို့!ခုနကမင်းနဲ့လေပေါနေတဲ့အချိန်
သူစင်ပေါ်တက်သွားတာနေမှာပေါ့..""ဂါဝန်ကြီးနဲ့စင်ပေါ်တက်လာရင်
ထင်းခနဲဖြစ်နေမှာဘဲကို..."ဝင်းမြင့်ကပြောနေရင်း သူ့ကြက်ကြော်ဘူး
ကိုဖောက်စားနေလေသည်..သူပြောတာလဲဟုတ်သား
ထင်းခနဲဖြစ်နေမှာ..အာ..ကျွန်တော်မမြင်လိုက်တာလဲ
ဖြစ်နိုင်တာဘဲကို..ပြန်ဖြေသိမ့်တွေးနေရင်း
ဟိန်းထက်ယံတစ်ယောက်ကိုယ့်ကိုယ်ကို
နှစ်သိမ့်လိုက်ရသည်..ဝင်းမြင့်ပြောသလိုသရဲမများလား
အာ..မဟုတ်နိုင်ပါဘူးစိတ်ရူပ်ထွေးလာတာနဲ့တင်
လက်ထဲမှာရှိနေတဲ့ကြက်ကြော်ဘူးလေးကို
စားချင်စိတ်မရှိတော့လို့
ဘေးကခုံပေါ်ပစ်တင်လိုက်သည်"ဟေ့..ဟေ့..မင်းမစားချင်ရင်
ငါ့ကိုပေး..ပစ်မထားနဲ့"ပါးစပ်ထဲမှာကြက်သားတွေပလုတ်ပလောင်း
နဲ့ ဝင်းမြင့်က သူ့ကြက်ကြော်ဘူးကိုပါလှမ်းယူ
သွားသေးသည်..စောင်အငတ်ကတစ်မျိုး!
လူကစိတ်အရမ်းကြည်နေသည်မဟုတ်
စင်ပေါ်မှာ ဖျော်ဖြေရေးအနေနဲ့
Danceကနေတဲ့လူတွေကိုလိုက်ကြည့်နေရသေး
သည်
YOU ARE READING
L❤VE in the 1st sight(Completed)
HumorUNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်အရူံးပေးရလိမ့်မယ်....❤ ZAWGYI VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျား...