Part-31

41.1K 2.7K 627
                                    

"အက်ႌ..အက်ႌ..အက်ႌ"

သက်ဝေယံ နူတ်မှတတွတ်တွတ်ရွတ်နေရင်း
ဗီရိုထဲကအင်္ကျီတွေကိုဟိုရှာဒီရှာလုပ်နေရင်းက

"တွေ့ပြီ..!!"

ဆွဲထုတ်လိုက်သည့်အတွက်
လက်ထဲပါလာသည်ကမိုးပြာရောင်
စပို့ရှပ်အင်္ကျီလေး..

မေမေဒီနေ့အောက်ထပ်မှာ
ဧည့်သည်တွေနဲ့အလုပ်ရူပ်ပြီးအပေါ်တက်ပြီး
အင်္ကျီမရွေးပေးတာဘဲကျေးဇူးတင်ရမည်..
မဟုတ္ရင္ဒီအက်ႌေလးဝတ္ခ်င္မွ
ဝတ်လို့ရမှာ

ချည်သားနဲ့ချုပ်ထားတဲ့
ရိုးရိုးရှင်းရှင်းပြောင်အင်္ကျီလေးက
မှတ်မှတ်ရရ ပထမဆုံးသူနဲ့အတူတူ
လှည်းတန်းcentreပတ်တုန်းက
သူဝယ်ပေးခဲ့တာလေး..

အင်း ..တော်တော့တော်အုံးမယ်ထင်တာဘဲ

တွေးရင်ကောက်စွပ်လိုက်တော့ကွက်တိ..
ကြည့်ရတာအဲ့တည်းက
နဲနဲလေးsizeကြီးတာဝယ်ခဲ့လို့လဲပါမည်...

အင်္ကျီဝတ်ပြီးသည်နှင့်
မှန်ရှေ့အမြန်ပြေးပြီးကိုယ့်ကိုယ်ကိုအပီအပြင်
ပြင် ပါမည်ဆိုနေမှ
နာရီဆီအကြည့်ရောက်မိသွားတော့
ဆံပင်ပုံကျအောင်သာ ဘီးနဲ့တစ်ချက်နှစ်ချက်
ဖြီးလိုက်နိုင်သည်..

ကားသော့ရယ်..ပိုက်ဆံအိတ်နဲ့ဖုန်းကိုသာ
အမြန်ကောက်ယူပြီးသည်နှင့်အိမ်အောက်သို့
ပြေးဆင်းသွားရသည်..

"သားသား!!"

ဧည့်ခန်းထဲကလှမ်းခေါ်တဲ့မေမေ့အသံကြောင့်
အိမ်အပြင်သို့ထွက်လက်စ
သက်ဝေယံရဲ့ခြေလှမ်းတစ်ဖက်လေထဲမှာတင်
ရပ်တန့်သွားရသည်..

မေမေကတော့
သူ့ဧည့်သည်တွေနဲ့သူ့ဟာသူနေတာမဟုတ်ဘူး..
ဘာတွေပြောအုံးမည်မသိ..

"သား..ခဏလာပါအုံး!!!"
သက်ဝေယံစိတ်ရူပ်ရူပ်နဲ့
နောက်ပြန်လှည့်ပြီးဧည့်ခန်းထဲပြန်ဝင်ထိုင်နေရသည်..

ဧည့်ခန်းထဲမှာတွေ့လိုက်ရတဲ့
လူသုံးယောက်ကိုသေချာတောင်မကြည့်ဘဲ
သက်ဝေယံပြုံးပြလိုက်သည်..

"သား..ဒါကသားနဲ့လက်ထပ်ပေးဖို့
သဘောတူထားတဲ့ကောင်မလေးလေ.."

"ဟင်!!!"

ပုခုံးပေါ်တင်ထားတဲ့မေမေ့လက်လေးတစ်ချက်
တုန်သွားတာသက်ဝေယံရဲ့အသံကြောင့်
ဖြစ်မည်..
ဒါပေမဲ့သက်ဝေယံကပိုလန့်သွားတာတော့အမှန်

L❤VE in the 1st sight(Completed)Where stories live. Discover now