Part-23 (Unicode)

8.8K 827 4
                                    

"အဲ့တော့ မင်းက ဥပုသ်စောင့်တဲ့ကျားကြီးလုပ်ခဲ့တယ်ပေါ့..ဟုတ်လား??"


ဝင်းမြင့်၏မျက်လုံးပြူးပြဲပြီးမေးသောအမေးစကားမှာဟိန်းထက်ယံခေါင်းလေးအသာညိမ့်ပြသည်..။ရှေ့ကမှာထားတဲ့အစားအသောက်ပေါင်းမြောက်များစွာထဲမှကန်စွန်းရွက်တစ်ဖတ်ကိုတူနဲ့လှမ်းညှပ်နေတုန်း..


"ဂေါက်တီးကောင်..သောက်ဖြစ်ကိုမရှိဘူး.."


မေလေးလက်ဝါးက ဟိန်းထက်ယံ လက်မောင်းကိုဖြန်းခနဲလာမိတ်ဆက်သည်..။


"အား...နင်လက်မပါလို့မရဘူးလား???!!"


ဟိန်းထက်ယံ ကိုယ့်လက်မောင်းကိုပွတ်ရင်းထအော်လိုက်မိသည်..။သူလုပ်တာနဲ့လက်ထဲကတူပါလွတ်ကျသွားတဲ့အဖြစ်..။ဒါတောင်မေလေးက အံတကြိတ်ကြိတ်နဲ့အနားကပ်ပြီးတော့


"အဲ့ဒါမျိုးကဆွဲစိရတယ်ဟဲ့...နင်နားမလည်ဘူးလား???"


"အဟမ်း...အဟမ်း....မေလေး..ငါ့juju ဆန္ဒမပါဘဲနဲ့အဲ့ကောင်ဆွဲစိကြည့်ပါလား?ငါ့လက်ချက်နဲ့သေသွားမယ်!!.."


ခပ်တိုးတိုးနဲ့လာပြောတဲ့မေလေးအသံကိုတောင်မြတ်မွန်ကကြားဖြစ်အောင်ကြားသွားသည်။ကြားထဲက ဟိန်းထက်ယံက အချောင်မျက်စောင်းထိုးပြီး အကြိမ်းခံလိုက်ရသေး.။


"တော်ပါတော့ဟယ်..နင်တို့နှစ်ကောင်ကလဲဟိုကအဖြေတောင်မပေးရသေးဘူး.."


"အဲ့တာပြောတာလေ..အဲ့ညတည်းကဆွဲစိလိုက်ရင် အဖြေကAutomatic ရလာမှာ.."


နှင်းပွင့်ပြောသည့်စကားကိုမေလေးကပက်ခနဲချက်ချင်းပြန်ပြောသည်..။မေလေးကြည့်ရတာ အကြီးအကျယ်ကိုမကျေမနပ်ဖြစ်နေတဲ့ပုံ..။မြတ်မွန်ကသူ့လက်ထဲကspyထည့်ထားတဲ့ခွက်လေးကိုခုံပေါ်သို့ဝုန်းဆိုဆောင့်ချရင်း


"အဲ့လိုလုပ်လို့ရမလား??ဟိုကယောကျင်္ားလေးလေ..စဉ်းစားရမှာပေါ့ ..!!"

L❤VE in the 1st sight(Completed)Where stories live. Discover now