Part-27 (Unicode)

8.8K 763 3
                                    

"Jujuလေးမလာသေးဘူးလား??"


"အေးဆို..ဟိန်းထက်ယံ..နင်ဖုန်းဆက်ကြည့်ပါလား???"


မြတ်မွန်စကားကိုနှင်းပွင့်ကပါဝင်ထောက်ခံပြီးအခန်းတံခါးပေါက်ဝကို တကြည့်ကြည့်လုပ်နေသည်..။ဖုန်းထိုင်သုံးနေတဲ့ မေလေးကပါတစ်ချက်လှမ်းမျှော်ကြည့်သည်..။သက်ဝေယံရဲ့ရည်းစားဖြစ်တဲ့ဟိန်းထက်ယံကမမျှော်ရဘူး..။သူတို့ကလည်ပင်းရှည်မတတ်ကိုမျှော်နေကြတာကြာတော့အမြင်ကကပ်လာသည်..။


"အေး .အေး..ဆက်လိုက်မယ်.."


ဟိန်းထက်ယံပြန်ပြောရင်း ဘောင်းဘီအိတ်ထဲကဖုန်းကိုဆွဲထုတ်လိုက်သည်..။မေလေး..မြတ်မွန်..နှင်းပွင့်သုံးကောင်သားဆိုင်ကိုပြေးလာကြတာ။မိတ်ကပ်တောင်မလိမ်းနိုင်ခဲ့တဲ့ဘဝ။ဒါကလဲ မေလေးနဲ့မြတ်မွန်နှစ်ကောင်ပေါင်းပြီးကြိတ်ကြံထားသည့်ကိစ္စရှိလို့နှင်းပွင့်က ထိုအကြံအစည်ထဲမှာမပါပေမဲ့သူ့ကိုချန်ထားခဲ့ရင် အရမ်းသိသာသွားနိုင်လို့။


"ပြီးရော..ငါတို့မိတ်ကပ်ပြင်ဖို့Toiletထဲဝင်လိုက်ဦးမယ်.."


မေလေးပြောသည်နှင့်အညီကော့တော့ကော့တော့နှင့်အခန်းထဲကထွက်သွားသည့် သုံးကောင်ကိုဟိန်းထက်ယံ နူတ်ခမ်းတစ်ချက်ရွဲ့ကြည့်လိုက်ရင်းYUFLပြန်ဖွင့်ပြီမို့အဲ့ကလေးနဲ့အေးအေးဆေးဆေးမတွေ့ရတာတစ်ပတ်ကြီးများတောင်ရှိနေပြီကို..။နှစ်ယောက်တည်းအလွမ်းသယ်မို့Karaokeမှာသီးသန့်ခန်းယူပါတယ်ဆိုမှအဲ့အစုတ်ပလုတ်မတွေက ကန့်လန့်ကန့်လန့်။


"ပြန်တွေးကြည့်...ငါသိပ်ချစ်မိသွားပြီ🎶"


မကျေမနပ်နဲ့စိတ်ထဲမှရေရွတ်နေရာမှမိုးမိုးရဲ့အသံချိုချိုလေးထွက်ပေါ်လာသောကြောင့် ph screenကိုငုံ့ကြည့်လိုက်မိသည်..။Ph screenပေါ်မှာပေါ်လာတဲ့ပုံလေးကမျက်လုံးနားမှာလက်လေးနှစ်ချောင်းထောင်ထားတဲ့အဲ့ကလေးပုံလေး..။အဲ့ကလေးကဓာတ်ပုံရိုက်ခါနီးရင်Smile..cheese လို့အော်တတ်သေးတာမို့ပါးထိတက်ချိတ်နေတဲ့ နူတ်ခမ်းစွန်းနှစ်ဖက်ကြားမှာသွားတန်းဖြူဖြူလေးတွေကအထင်းသား။

L❤VE in the 1st sight(Completed)Where stories live. Discover now