Part-26

33.8K 2.7K 456
                                    

ဇွန်လရဲ့ခပ်ဖွဲဖွဲ မိုးရေစက်လေးတွေလာပက်ဖြန်းတဲ့
မှန်ပြတင်းပေါက်ဆီကတဆင့်
အပြင်ဘက် လောကဆီကို
ခက်သဇင်ငေးကြည့်နေမိသည်...

အဓိပ္ပါယ်မဲ့ငေးကြည့်နေခြင်းထက်
တစ်စုံတစ်ဦးတစ်ယောက်ကို
ရည်ရွယ်ချက်ရှိရှိစောင့်နေခြင်းဆိုပိုမှန်ပေလိမ့်မည်..

Cappucino ကော်ဖီရနံ့ခပ်သင်းသင်းက
နှာခေါင်းဆီသို့တိုးဝင်လာတာတောင်
အကြည့်မလွှဲနိုင်သေး..

ကားတချို့သွားလာနေတဲ့အနက်ရောင်
ကတ္တရာလမ်းမကြီးပေါ်က
ပုံရိပ်လေးတစ်ခုကိုမြင်လိုက်တော့
မဲ့ပြုံးတစ်ခုက နူတ်ခမ်းထက်မှာ
အလိုအလျောက်နေရာယူပြီးသား...

ရှပ်အင်္ကျီအနီရောင်အကွက်လေးဝတ်ထားတဲ့
ဆံပင်အနက်ရောင်ပိုင်ရှင်ကောင်လေးတစ်ယောက်
Taxiပေါ်ကဆင်းလာသည်မှစ၍
ထီးအဝါရောင်လေးဆောင်းကာ
ဆိုင်ထဲဝင်လာသည်အထိ ခက်သဇင်
သေချာလိုက်ကြည့်နေမိသည်...

၁၇နှစ်အရွယ်သာမန်ကောင်လေး
တစ်ယောက် ဟာ ခက်သဇင်ရဲ့ပြိုင်ဘက်
ဖြစ်လာခဲ့မယ်လို့ အိပ်မက်ထဲတောင်
ထည့်မမက်ဖူးခဲ့..

အသားခပ်ဖြူဖြူနဲ့
အရပ်ပုပုသေးသေးကောင်လေးတစ်ယောက်မှာ
အစစ အရာရာ ပြည့်စုံနေတဲ့
ခက်သဇင်ထက် သာလွန်တာဆိုလို့
ဘာမှမရှိ

အဲ့လိုကောင်လေးမျိုးကိုမှ
ဟိန်းက ခက်ကိုကျော်လွန်ပြီးရွေးသည်ဆိုတဲ့
အချက်က
ခက်သဇင်ကိုပိုခံပြင်းစေသည်..

လျှာဖျားပေါ်စိမ့်ဝင်လာတဲ့
Cappucinoမှာတော့ဘာအရသာမှမရှိတော့

ဝင်လာတဲ့ပုံကိုကမြောက်ကြွကြွနဲ့
အရပ်များသာရှည်ရင်
ဆိုင်ရဲ့ခေါင်မိုးကိုဝင်ထိုးလောက်သည်..

စိတ်ထဲက ရေရွတ်ရင်း
နူတ်ခမ်းနားဆီကကော်ဖီခွက်ကိုရှေ့သို့ချကာ
စားပွဲနားသို့ရောက်လာတဲ့သက်ဝေယံကို
အပြုံးလှလှတစ်ခုနှင့်ကြိုဆိုလိုက်တော့

"မမ ကျွန်တော်နောက်ကျသွားတယ်ထင်တယ်.."

ရှေ့ကခုံမှာဝင်ထိုင်ရင်း
ပြောလာသောသူ့ကြောင့်
ဘယ်ဘက်လက်ဖြူဖြူသွယ်သွယ်လေးပေါ်က
ရွှေရောင်အနားသတ်မှာစိန်ပွင့်လေးတွေ
ကွပ်ထားတဲ့ Omega brand Watch
လေးကိုအကြည့်ရောက်သွားမိသည်..

L❤VE in the 1st sight(Completed)Where stories live. Discover now