ZawgyiHolding Hate Loving Him ep 1
ဖြုလွင်ကာတိမ်များတောက်နေသောကောင်းကင်။
မြင့်တက်လာသောမနီမဝါနေလုံး။
မိုးရာသီအစ၏မပူမအေးရာသီဥတုရှိသော နေ့ရက်တစ်ရက်၏မနက်ခင်း ။
ထိုတိတ်ဆိတ်သောမနက်ခင်းကို မသိမသာဖြိုခွင်းသည်က သာမာန်ရပ်ကွက်လေးတစ်ခုတွင် မကျယ်ဝန်းသော ခြံလေးတစ်ခြံရှိ လူနေအိမ်တစ်လုံးမှ ထွက်လာသောရေသံ။
မင်းရတု
ဆယ့်ခြောက်နှစ်အရွယ်ကောင်လေးတစ်ယောက်။
မင်းရတု ရေချိုးနေသောရေသံကကျောက်ပြားပေါ်သို့ကျလာသည်မှာ နားထောင်ကောင်းလောက်အောင်တိတ်ဆိတ်သောမနက်ခင်းတွင် ငြိမ့်ညောင်းစွာတည်ရှိနေသည်။ တေးဆိုနေသောငှက်မရှိ ရေသံသဲသဲ့သာရှိသည။် ပွင့်လန်းနေသောပန်း၏ရနံ့မရှိ ဆပ်ပြာတုံး၏မွှေးရနံ့သာပျံ့လွင့်နေသည်။
မနက်ငါးနာရီသည်တိတ်ဆိတ်လွန်းလှသည့်အချိန်ဖြစ်နေသေးသည်။မပုလွန်းမရှည်လွန်းသည့် အရပ် ပိန်လှီသောကိုယ်ထည်တွင် ဖြူ ဆွတ်နေသည့်အသားကတော့ အဝေးမှကြည့်လျှင်တောင်ထင်းနေသည်။ မျက်ဆံနက်နှင့်
ဝန်းဝိုင်းသော မျက်လုံးများတွင်ကော့ပြီးမည်းနေသော
ရေသီးနေသည့်မျက်တောင်ဖျားများ မထူပဲထင်းနေသော မျက်ခုံးကော့ကော့နှစ်ကြောင်း ချောဆင်းလာပြီး ထိပ်တွင်လုံးသွားသည့်နှာတံ အရောင်မတင်ပဲရဲနေသောနှုတ်ခမ်း ယောက်ျားဆန်ခြင်းမရှိပဲကြည့်ကောင်းနေသောမျက်နှာ သို့သော် ထိုချောမောမှုကို
အရောင်ဖျော့သောမျက်လုံးများကမှေးမှိန်စေသည်။ရေချိုးခြင်းကိုအဆုံးသတ် အသံမထွက်အောင်အဝတ်လျော်ပြီး အိမ်သားများအိပ်နေသေးသော အိမ်ပေါ်သို့ မင်းရတု ခြေသံမမည်အောင်တက်ရသည်။
ထမင်းတစ်အိုးတည်ပြီး ဆယ်တန်းနှစ်ပထမဆုံး
ကျောင်းတက်ရက်အတွက်ပြင်ဆင်ရတော့သည်။
ကျောင်းတက်ရန်ပြင်ဆင်ပေးမည့်သူမရှိ
လိုအပ်ချက်များကိုမေးပြီးဖြည့်ဆည်းပေးမည့်သူမရှိ
အရင်နှစ်ကလွယ်ပြီးသားလွယ်အိတ်ထဲသို့
ကျောင်းအပ်စဉ်က ရခဲ့သောဖတ်စာအုပ်များကို
ထည့်နေသည် သင်ရမည်ကခြောက်ဘာသာ
ရှိသောဗလာစာအုပ်ကနှစ်အုပ်
သက်ပြင်းတစ်ချက်နှင့်အတူဆုံးဖြတ်ချက်ချလိုက်သည်က ရလာမည့်တစ်နေ့စာမုန့်ဖိုးများကိုအငတ်ခံ၍
သာတစ်နေ့တစ်အုပ်ဝယ်ရမည်။
BẠN ĐANG ĐỌC
Holding Hate Loving Him (Myanmar BL) OC
Lãng mạn'ငါသေမယ်ဆိုရင်တောင် မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး...' မင်းရတု 'အေး...ငါကလဲ မင်းသေမယ်ဆိုရင်တောင် ငါလိုချင်တာရအောင်ယူမှာ...' မင်...