Ep 25

31.7K 3.2K 96
                                    

Zawgyi

Holding Hate Loving Him ep 25

ပြည့်​စုံ အခန်းထဲဝင်​လိုက်​သည်​နှင့်​ ​အရက်​နံ့နှင့်​​ဆေးလိပ်​နံ့များကိုရလိုက်​သည်​။ တစ်​ကယ်​ကိုမွန်​ထူ​နေခြင်းဖြစ်​သည်​။ ပိုဆိုးသည်​က တံခါးများအားလုံးပိတ်​ကာ အလင်း​ရော ​လေပါမဝင်​ခြင်း​ကြောင့်​ သူ​တောင်​မွန်းကြပ်​ချင်​သလိုဖြစ်​သွားသည်​။

'ရမာန်​...........'

အခန်းထဲဝင်​ချိန်​တွင်​ ခပ်​စူးစူးအရာတစ်​ချို့ကိုတက်​နင်းမိသည်​။တက်​နင်းလိုက်​မိသည်​က မီးရှို့ စုတ်​ဖြဲထား​သော ဓာတ်​ပုံအပိုင်းအစများ။

ပြည့်​စုံ​ကောက်​ကြည့်​လိုက်​​တော့ ရတု နှင့်​ ကမ္ဘာ။

ရတု နှင့်​ ကမ္ဘာ့ ပုံများကမနည်း။

အဆိုးဆုံးက ​ဟော်​တယ်​ တစ်​ခု၏ စင်​ဝင်​​အောက်​မှပုံများဖြစ်​သည်​။

ရတု နှင့်​ ကမ္ဘာ ပက်​သက်​မှုက ဒီ​လောက်​​တောင်​ပဲလား။

'ရမာန်​.......ဒါက...........'

ရမာန်​ သူဘက်​သို့​ခေါင်း​လေး​စောင်းရုံမျှလှည့်​လာသည်​။

'ပြည့်​စုံ..............'

'အင်း..........​ပြော......'

'မနက်​ဖြန်​ကစပြီး ငါ့ဆီမလာနဲ့​တော့........'

'ဘာလို့လဲ...........'

'မလာနဲ့​တော့လို့...............'

'မင်းတစ်​​ယောက်​တည်းငါဘယ်​လိုစိတ်​ချရမလဲ....'

'ငါအဆင်​​ပြေ​အောင်​​နေမယ်​.......'

'မရဘူး........မသိနိုင်​ဘူး​လေ.....​တော်​ကြာမင်းတစ်​​ယောက်​တည်း ​သေ​နေမှဖြင့်​........'

'စိတ်​ချ.......မ​သေဘူး........'

'တစ်​ကယ်​လား.........'

ရမာန်​ ပြန့်​ကျဲ​နေသည့်​ အရာများကိုလိုက်​​ကောက်​​နေသည်​။ အမြဲဖျက်​ဆီးသာဖျတ်​ဆီးတတ်​သည့်​ ရမာန်​ ယခု​တော့ ပစ္စည်း များလိုက်​သိမ်း​နေသည်​ကို​တွေ့ရ​တော့ ပြည့်​စုံ အံ့သြရသည်​။

ပိုထူးဆန်း​နေသည်​က ဒီ​နေ့ ငို​တောင်​မငိုပဲ ပုံမှန်​ဖြစ်​​နေခြင်းဖြစ်​သည်​။

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now