Ep 23

32.8K 3.3K 117
                                    

Zawgyi

Holding Hate Loving Him ep 23

ပထမဆုံး​ကျောင်းပြန်​ဖွင့်​သည့်​​နေ့ ဖြစ်​၍ ရမာန်​ ရတု အိမ်​​ရှေ့တွင်​​စောင့်​​နေမိသည်​။ ရတု တစ်​​ယောက်​တည်းထွက်​သွားမည်​စိုး၍ မနက်​ငါးနာရီကတည်းက​စောင့်​​နေခြင်းဖြစ်​သည်​။ သို့​သော်​ ကိုးနာရီခွဲတဲ့အထိရတုထွက်​မလာ​သေး။

ထွက်​လာပါ​တော့ ရတု။
ငါမင်းနဲ့သွားမှဖြစ်​မှာမို့ပါ။

စောင့်​ရတာ သိပ်​ကြာပြီ။
ခြေ​တွေလဲ​တောင့်​လှပြီ။

ကားနားမှာမ​နေချင်​ဘူး။ မင်း​ဘေးမှာ​နေချင်​တာ။

ဆယ်​နာရီစွန်းစွန်း​လောက်​မှ ရတု အိမ်​ထဲကထွက်​လာသည်​။

'ရတု......'

ရတု ရမာန့်​ ကိုမြင်​​သော်​လည်းတစ်​​ယောက်​တည်းသာထွက်​သွားသည်​။ တစ်​ချက်​မှလှည့်​မကြည့်​၊ စကားတစ်​ခွန်းမှလှည့်​မ​ပြော၊ ရမာန်​​ပြောသည်​ကိုပင်​နားမ​ထောင်​။

'ရတု..........'

'ရတု....​ကျောင်းတူတူသွားရ​အောင်​........'

'ရတု.......ငါနဲ့တူတူသွားမယ်​​လေ......'

'ရတု.......'

ဥ​ပေက္ခာ သိပ်​မပြု ပါနဲ့။
ဒေါသထွက်​တယ်​။

'ရတု.........'

ရမာန်​ ရတု လက်​​ကောက်​ဝတ်​ကို​ဆောင့်​ဆွဲလိုက်​သည်​။

'မသွားဘူး......မင်းဘာသာမင်းသွား......'

ရတု ရမာန့်​ကိုကြည့်​​​နေ​သော အကြည့်​တို့မှာ သူစိမ်းဆန်​လွန်းလှသည်​။

ရတု သူ့လက်​ကိုကိုင်​ထား​သော ရမာန့်​ လက်​ကို
ဖယ်​ချ​နေသည်​။ သို့​သော်​ ရမာန်​ မြဲမြံစွာဆုပ်​ကိုင်​ထားသည်​။လုံးဝလွှတ်​မ​ပေး။

'လွှတ်​..........'

'မလွှတ်​ဘူး.....မင်းငါနဲ့လိုက်​ရမယ်​......'

'လွှတ်​ကွာ...........'

ရတု လက်​ကိုဆတ်​ခနဲ​ဆောင့်​ရုန်းလိုက်​ပြီးသည်​နှင့်
လက်​ဖဝါးတစ်​ဖက်​က ရမာန့်​ ပါးပြင်​ဆီသို့​ရောက်​သွားသည်​။

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now