Ep 36

24K 2.5K 135
                                    

Zawgyi

Holding Hate Loving Him Ep 36

သူ့အဖိုးနဲ့အတူပါလာတဲ့ လူသန်​ကြီး​တွေကို ကျွန်​​တော်​တို့နှစ်​​ယောက်​လုံးမယှဉ်​နိုင်​ပါဘူး။

အခု ကျွန်​​တော့်​ကိုအခန်းတစ်​ခန်းထဲမှာထည့်​ထားပြီး သူနဲ့ သူ့အဖိုးစကား​ပြော​နေတယ်​။

သူ့အဖိုးဆို​ပေမယ့်​ အသက်​သိပ်​မကြီး​သေးပါဘူး။
သူ့အ​ဖေ​တောင်​ ​လေးဆယ်​နီးပါးပဲရှိ​တော့ သူ့အဖိုး
လဲ ​ခြောက်​ဆယ်​နီးပါးပဲရှိမယ်​။ မျက်​မှန်​တပ်​ထား​ပေမယ့်​ မျက်​မှန်​​အောက်​ကမျက်​လုံးစိမ်းကြီး​တွေနဲ့ ကျွန်​​တော့်​ကိုလှမ်းကြည့်​​နေတာ​တွေ့လိုက်​ရတယ်​။
သူ့အကြည့်​ထဲမှာ ကျွန်​​တော့်​ကိုရွံမုန်းတဲ့အကြည့်​​တွေ။ အတ္တ​တွေ။ ​ဒေါသ​တွေ အားလုံးကို ကျွန်​​တော်​မြင်​လိုက်​ရတယ်​။

ဟင့်​အင်း။ သူ ရမာန့်​ ကို​ခေါ်မသွား​လောက်​ပါဘူး​နော်​။

ရမာန်​ ကျွန်​​တော့်​ကိုကတိ​ပေးထားတာပဲ...

သူလိုက်​မသွား​လောက်​ပါဘူး။

ကျွန်​​တော်​ သူ့ကိုယုံတယ်​။

ငါမင်းကိုယုံတယ်​ ရမာန်​...

ဒါ​ပေမဲ့ ကျွန်​​တော်​အရမ်း​ကြောက်​​နေတယ်​။

အခန်းပြင်​ကစကားသံတစ်​ချိုနဲ့ ​အော်​သံတစ်​ချို့ကိုကြားရတယ်​။

သူ့အဖိုးရဲ့​အော်​သံ​ရော သူ့ရဲ့​အော်​သံ​ရော။

မင်းအားလုံးနဲ့ရင်​ဆိုင်​နိုင်​မယ်​လို့ငါ​မျှော်​လင့်​​နေတယ်​ ရမာန်။

ငါ့ကိုထပ်​ပြီး စိတ်​ပျက်​​အောင်​မလုပ်​ပါနဲ့။

ပြီး​တော့ မသွားပါနဲ့ ရမာန်​။ မင်းအခုထွက်​သွားရင်​ ငါဘယ်​​တော့မှခွင့်​လွှ​တ်​မှာမဟုတ်​လို့.....

ဘာအ​ကြောင်းပဲရှိရှိထွက်​မသွားပါနဲ့။

ဘာအ​ကြောင်းပဲရှိရှိ ငါ့ကိုမထားခဲ့ပါနဲ့။

💔💔💔💔💔💔💔💔💔💔💔💔

💔💔💔💔💔💔💔💔💔💔💔💔

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now