Ep 35

26K 2.7K 157
                                    

Zawgyi

Holding Hate Loving Him Ep 35

အင်း...။
အခုကျ​တော့လဲ​တော်​​တော်​​ပျော်​စရာ​ကောင်း​နေသလိုပါပဲ...
ကျွန်​​တော်​တို့ကြားမှာအမုန်းတရား​တွေခဏတိမ်​မြုပ်​​နေပြီး သူ​ရောကျွန်​​တော်​​ရော​ပျော်​​နေရတယ်​...

ကျွန်​​တော်​တို့နှစ်​​ယောက်​ဆီကိုတစ်​ကယ်​ပဲ​ပျော်​ရွှင်​ခြင်း​တွေ​ရောက်​ရှိလာတာလား...

သူနဲ့ကျွန်​​တော်​တစ်​ကယ်​ပဲ​ပေါင်းစပ်​ခွင့်​ရှိတာလား...

ရမာန်​ ​တော့မသိဘူး
ကျွန်​​တော့်​ခံစားချက်​​တွေက​တော်​​တော်​​တော်​​လေး​ရော​ထွေး​နေတာ...

လို​လေ​သေးမရှိဂရုစိုက်​​နေတဲ့သူ့ပုံစံကိုမြင်​ရတာ ငျွန်​​တော့်​ကိုတစ်​ကယ်​ချစ်​တဲ့ပုံပါပဲ...

သူတစ်​ကယ်​ချစ်​တာလား...

ကျွန်​​တော်​ယုံရမှာလား....

ကြောက်​တယ်​...
သူ့ကိုယုံရမှာ​ကြောက်​တယ်​။
သေမ​လောက်​ခံစားရမှာ​ကြောက်​တယ်​။

ကျွန်​​တော့်​ ကိုအကြိမ်​ကြိမ်​အရူးလုပ်​ခဲ့တဲ့သူ့ကိုမုန်းတယ်​...
ဒါ​ပေမဲ့ နှလုံးသား ရဲ့​ထောင့်​​တစ်​​နေရာမှာ​တော့သူ့ကိုချစ်​တဲ့အချစ်​​တွေကကိန်း​အောင်​​နေ​သေးတယ်

ကျွန်​​တော်​သူ့ကို ချစ်​​နေဆဲလား...မုန်း​နေပြီလား

ဘာမှ​သေချာမသိ​ပေမယ့်​ သူပြုံးရင်​ကျွန်​​တော်​လိုက်​ပြုံးမိတယ်​...သူ​ပျော်​​နေရင်​ ကျွန်​​တော့်​နှလုံးသား​လေးနူးညံ့​နေပြန်​​ရော...

ဒါဆို အ​ဖြေကဘာလဲ...

မနက်​ဖြန်​ ကျွန်​​တော်​တို့လက်​ထပ်​ပွဲတဲ့...ဒီ​နေ့ သူနဲ့အတူတူကိစ္စ​တွေအများကြီးလုပ်​ခဲ့တယ်​...
ပျော်​လည်း​ပျော်​ခဲ့ရတယ်​...

ဘယ်​တုန်းကမှ သဘာဝတရားကိုမမြတ်​နိုးတတ်​တဲ့ ကျွန်​​တော်​ သူနဲ့ကြည့်​ခဲ့ရတဲ့ ​နေဝင်​ချိန်​​လေးကို အမြတ်​တနိုးနဲ့ မှတ်​သားထား​နေမိပြီ။

လက်​ထပ်​ပွဲ ကိုဘယ်​တုန်းကမှ မ​မျှော်​လင့်​ခဲ့ဘူး...
ဟင့်​အင်း။ မ​မျှော်​လင့်​ရဲခဲ့တာဆိုပိုမှန်​မယ်​။

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now