Ep 9

35.3K 3.6K 125
                                    

Zawgyi

Holding Hate Loving Him ep 9

ဆယ်​နာရီထိုး​လေပြီ။ ကျွန်​​တော်​​စောင့်​​နေသည်​။
ရမာန့်​ကို​စောင့်​​နေ​သော်​လည်း ရမာန့်​ကို​စောင့်​ခြင်းမဟုတ်​။ လူမရှိ​သောအိမ်​ကိုဒီအတိုင်းပစ်မထားခဲ့ခြင်၍
သာ ​စောင့်​​နေခြင်းဖြစ်​သည်​။

ညကနက်​ပြီး​အေးလာ​သော်​လည်း ကျွန်​​တော့်​ရင်​များ
ပူ​နေသည်​။ နာကျင်​မှုများကိုမမြင်​ချင်​​ယောင်​​ဆောင်​ကာ​တောင့်​ခံ​နေ​သော်​လည်း နာကျင်​​နေမြဲဖြစ်​သည်​။
ကျွန်​​တော့်​အားဒီ​လောက်​အထိဥ​ပေက္ခာပြုရက်​​လေခြင်းဟူ​သောအသိက ရင်​များကိုတဆစ်​ဆစ်​ကိုက်​​စေသည်​။ သို့​သော်​ ကျွန်​​တော်​ ဘာလုပ်​ခွင့်​ရှိမှာလဲ။
ကျွန်​​တော့်​မှာဘာမှလုပ်​ခွင့်​မရှိပါ။

ဆယ်​နာရီခွဲ...
ဤည​ခင်းသည်​ ကျွန်​​တော့်​အတွက်​​တော့ တစ်​ကမ္ဘာတည်​သ​လောက်​ကြာသည်​ဟုထင်​ရသည်​။
အချိန်​နာရီဝက်​သည်​ပင်​ အ​တွေး​ပေါင်းစုံ ကို​ထပ်​ခါထပ်​ခါ​တွေးရန်​ ၊ အကြိမ်​​ပေါင်းများစွာ သက်​ပြင်းချရန်​၊ မငိုမိ​အောင်​ အကြိမ်​ကြိမ်​ မျက်​ရည်​ဆည်​ရန်​လုံ​လောက်​သည်​။

ကြယ်​မခြံ​သော ​ကောင်းကင်​တွင်​ လတစ်​စင်းတည်း
ထီးထီးကြီးရှိသကဲ့သို့ လူမရှိ​သောဤခြံတွင်
ကျွန်​​တော်​တစ်​​ယောက်​တည်း ​စောင့်​​နေရသည်​။
တစ်​​ယောက်​တည်းအထီးကျန်​တာခြင်းတူ​သော်​လည်း အနည်းဆုံး​တော့ထိုလမင်းသည်​ နာကျင်​မ​နေပါ ။ ကျွန်​​တော်​သာနာကျင်​​နေရသည်​။

ရမာန့်​ ဦး​လေးပြန်​မလာ​သေးသည့်​အ​ကြောင်းအရင်းကိုမသိသလို ရမာန်​ ပြန်​မလာ​သေးသည့်​အ​ကြောင်းအရင်းကိုလဲမသိပါ။
ကျွန်​​တော်​သိ​သည့်​ တစ်​ခုတည်း​သောအရာက​တော့
ရမာန်​ ကျွန်​​တော်​ကိုမ​ပြောမဆိုနှင့်​ထားသွားပြီး
ကျွန်​​တော်​ကလဲ သူ့အား ဘာ​ကြောင့်​မှန်းမသိ ​စောင့်​​နေခြင်းဖြစ်​သည်​။

ထို့​နောက်​ ခြံ​ရှေ့တွင်​ကားမီး​ရောင်​​တွေ့ရသည်​။
ကားတစ်​စီး ၊ ထိုကားထဲမှ ရမာန်​ ထွက်​လာသည်​။
ရမာန်​ ကားထဲမှသူများကိုနှုတ်​ဆတ်​ပြီး ခြံထဲဝင်​လာသည်​။ ရမာန်​ ဝင်​လာသည်​နှင့်​တပြိုင်​နက်
ကျွန်​​တော်​ လဲအသင့်​ပြင်​ထား​သောလွယ်​အိတ်​ကို
လွယ်​ကာ ထလိုက်​သည်​။
ထို့​နောက်​ ကျွန်​​တော့်​စက်​ဘီးရှိရာသို့ဦးတည်​လာသည်​။

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now