Ep 27

30.8K 3K 66
                                    

Zawgyi

Holding Hate Loving Him ep 27

ကျွန်​​တော်​ ဒီ​နေရာကို​ရောက်​​နေသည်​မှာဘယ်​​လောက်​ကြာ​နေပြီလဲ​တောင်​မသိ​တော့။ နံရံတွင်​နာရီရှိ​သော်​လည်း ဘယ်​​နေ့ဘယ်​ရက်​​ရောက်​​နေပြီလဲမသိ။

တွေး​ရင်း​တွေးရင်း​ဒေါသထွက်​မိသည်​။
ကျွန်​​တော့်​ဘဝကိုဒီလိုပဲကုန်​ဆုံး​နေရမှာလား။
သူ့ကိုအရှုံး​ပေးလိုက်​ရမှာလား။ မဖြစ်​နိုင်​။
ကျွန်​​တော်​ဘယ်​​တော့မှအရှုံးမ​ပေးနိုင်​။

သူမရှိ​သော​ကြောင့်​ လွတ်​​အောင်​ကြိုးစားရမည်​​။
လက်​ပြန်​ကြိုးကို​လျော့​အောင်​တိုး​နေရလွန်း၍ကြိုးက
ပွန်းကာ​သွေးပင်​ထွက်​​နေ​လောက်​ပြီ။ ကျွန်​​တော်​ထပြီး ​ပြေးရန်​လမ်းကိုကြည့်​လိုက်​​တော့ အခန်းတံခါးက​တော့ပိတ်​ထားသည်​။ အပြင်​ဘက်​ဝရံတာကိုသွားမည့်​တံခါးကိုလည်းပိတ်​ထားသည်​။ သို့​သော်​ မှန်​တံခါးမို့်ခွဲပြီးထွက်​လျှင်​ရ​သော်​လည်း ခုန်​ချမှရမည်​။ ခုန်​ချလျှင်​သုံးထပ်​ကမို့ ​သေ​သွားနိုင်​သည်​။

အရင်​ဆုံးလက်​ကကြိုးကိုလွတ်​​အောင်​လုပ်​ရမည်​။

မျက်​စိ​ရှေ့တွင်​ရှိ​နေသည်​ကပန်းအိုးတစ်​အိုး။
ထိုပန်းအိုးကိုခွဲပြီးကြိုးကိုဖြတ်​ရမည်​။

လက်​ကို​နောက်​ပြန်​တုပ်​ထားသည်​ဖြစ်​၍ အလွယ်​တကူယူလို့မရ။ ထို့​နောက်​ တံခါးဆီမှ​သော့တွဲသံကြားလိုက်​ရသည်​။ သူအခန်းထဲဝင်​လာ​တော့မည်​ဖြစ်​၍ ကျွန်​​တော်​အိပ်​ရာ​ပေါ်အ​ပြေးအလွှားပြန်​တက်​လိုက်​ရသည်​။

'ရတု.........Morning.......'

ရမာန်​ နှုတ်​ဆက်​ရင်း ရတု နဖူးကိုလာနမ်းရာ ရတု
်​မျက်​နှာကိုတစ်​ဖက်​လွှဲလိုက်​၍ နားထင်​ကိုနမ်းမိသွား​သေးသည်​။

သူ့အနမ်းများသည်​ရင်​ခုန်​စရာမ​ကောင်း​တော့။

'မင်းပျင်း​နေပြီလား........ငါစာအု​ပ်​ဖတ်​ပြမယ်​.....'

ရမာန်​ ရတု ​ဘေးတွင်​ထိုင်​လိုက်​ပြီး သူ့လက်​ထဲတွင်​ပါလာသည့်​စာအုပ်​ကိုလှန်​​နေသည်​။

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now