Zawgyi
Holding Hate Loving Him ep 33
ခြံထဲသို့အမြဲတရကြမ်းမောင်းဝင်လာတတ်သော ကားအနက်ကလေးမှာ ယနေ့တော့ ပုံမှန်သာမောင်းပြီးဝင်လာသည်မို့ ရမာန့်အခြေအနေမည်သို့ရှိမည်ဖြစ်ကြောင်းကိုပြည့်စုံရိပ်မိလိုက်သည်။ ရတု နှင့်အဆင်ပြေနေသည်ဟုကြားခဲ့ရသည်မှာ အမှန်ပင်ဖြစ်လိမ့်မည်။ ပြည့်စုံလုပ်လက်စအလုပ်ကိုပစ်ချကာရပ်လိုက်သောကားဆီသို့ပြည့်စုံလျောက်သွားတော့ ရမာန်လည်းကားထဲမှထွက်လာသည်။
အပေါ်အနက် အောက်အနက် နှင့် မနက်ခင်းနေရောင်ခြည်နုနု သစ်ပင်ရိပ်များအောက်တွင် ထင်းနေသော ရမာန်။
ရွှင်ပြကြည်လင်နေကာ တလောကလုံးကို အပိုင်ရထားသလိုရမာန့်မျက်နှာကိုမြင်လိုက်တော့ ပူပန်ခဲ့သမျှအနည်းငယ်တော့လျော့သွားသည်။
ရမာန့် လက်ထဲတွင်ကိုင်ထားသောဖိတ်စာများကိုကြည့်လိုက်ပြီး ပြည့်စုံပြုံးမိသည်။
မီးခိုးရောင်ပန်းအရိပ်ကလေးများသမ်းသောအဖြူ ရောင် တွင်ပြာလဲ့လဲ့ဖဲကြိုးကလေးများအလှဆင်ထားသောဖိတ်စာကလေးမှာ လက်ထပ်ခြင်းကိုအစချီသည်။
ခရီးကြမ်းတစ်ခုကိုဖြတ်သမ်းခဲ့ရသောသူတို့နှစ်ယောက်၏လက်ထပ်ပွဲ။
နောက်ဆုံးတော့ မာနများခဝါချကာသူတို့နှစ်ဦးလက်ထပ်တော့မည်လား...
သူ့ကိုတွေ့သည်နှင့်ဘာမှတောင်မပြောနိုင်ပဲ ဖိတ်စာကြီးထိုးပေးလေရာ ရမာန်ပေးသောဖိတ်စာကိုယူ
လိုက်ပြီး ရမာန့် ပုခုံးကိုဖတ်ကာအိမ်ထဲသို့အရင်ဝင်လာလိုက်သည်။ရမာန့် မျက်နှာမှအပြုံးများမှ ယနေ့မှအတော်အသက်ဝင်နေသည်။
'ပါးစပ်ကလေးလဲ စိပါဦး ရမာန်ရာ....သွားအအေးပက်တော့မယ်.....'
တစ်နေကုန် တစ်ဆွေလုံးတစ်မျိုးလုံးနှင့် မိတ်ဆွေများအာ်းလိုက်ဖိတ်လာရသောကြောင့် ပင်ပန်းနေ၍လားမသိ ရမာန် ဆိုဖာပေါ် ခြေပစ်လက်ပစ် လှဲအိပ်လိုက်ပြီး အဲယားကွန်း ကိုပိုအေးအောင်အနည်းငယ်မြှင့်လိုက်သည်။
YOU ARE READING
Holding Hate Loving Him (Myanmar BL) OC
Romance'ငါသေမယ်ဆိုရင်တောင် မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး...' မင်းရတု 'အေး...ငါကလဲ မင်းသေမယ်ဆိုရင်တောင် ငါလိုချင်တာရအောင်ယူမှာ...' မင်...