Ep 42

23.4K 2.4K 164
                                    

Zawgyi

Holding Hate Loving Him ep 42

ကျွန်​​တော်​ ပစ္စည်း​တွေအကုန်​သိမ်း​နေမိတယ်​။ ဖြစ်​နိုင်​ရင်​ ကျွန်​​တော်​သူ့​ရှေ့က​ပျောက်​ကွယ်​သွားချင်​တာ။
သူနဲ့အ​ဝေးဆုံးကိုကျွန်​​တော်​ထွက်​သွားမယ်​။ ကျွန်​​တော့်​ဘဝထဲကိုသူထပ်​ပြီးဝင်​မလာရဘူး။

ရဲခန့်​ကို​တောင်​ဘာမှမ​ပြောရ​သေးဘူး။
ဒါ​ပေမဲ့ သူအဆင်​​ပြေမှာပါ။

ပြီးခဲ့တဲ့ရက်​က​တော့ တစ်​ကယ်​ကိုလှုပ်​​တောင်​မလှုပ်
နိုင်​​​တော့​အောင်​ဖျား​နေခဲ့တာ။ စိတ်​ကြောင့်​ပိုပြီးဖြစ်​တာ။ စိတ်​ကလူကိုဆွဲချသွားတာပဲ။

မုန်းလိုက်​တာ။
သူကျွန်​​တော့်​ဘဝကို​နောက်​တစ်​ခါဝင်​လာဦးမယ်​။
ဟင့်​အင်း။ ကျွန်​​တော်​အဲ့လိုအဖြစ်​မခံ​တော့ဘူး။
ကျွန်​​တော်​ရ​အောင်​ထွက်​​ပြေးမယ်​။

ကျွန်​​တော်​အထုတ်​အပိုး​တွေ​ဘေးချပြီး ရဲခန့်​ အတွက်​စာတစ်​​စောင်​​ရေးဖို့လုပ်​လိုက်​တယ်​။ အလုပ်​ကို​တော့​နေမ​ကောင်းဖြစ်​ကတည်းကခွင့်​ရက်​ရှည်​ယူထားတယ်​။

တည်​ငြိမ်​​နေတဲ့ ကျွန်​​တော့်​ဘဝ ရမာန့်​​ကြောင့်​ရှုပ်​ယှက်​ခပ်​ရပြန်​ပြီ။ အဲ့ဒါ​တွေကျွန်​​တော်​မုန်းတာ။

ကျွန်​​တော်​စာ​ရေးပြီးတဲ့အချိန်​ပစ္စည်းပုံ​ဘေးမှာထိုင်​​နေမိတယ်​။ အခုအချိန်​မှာကျွန်​​တော်​ထွက်​သွားသင့်​လား။ ကျွန်​​တော့်​​ရွေးချယ်​မှုမှန်​ပါ့မလား။ ကျွန်​​တော်​ဘယ်​​နေရာ​ရောက်​​ရောက်​သူလိုက်​လာရင်​​ရော။

'အား.....မသိ​တော့ဘူး.......'

ငါ့ဘဝကိုဘာလို့လာပြီးထပ်​ရှုပ်​ရတာလဲ ရမာန်​။
ငါမင်းကိုတစ်​ကယ်​မုန်းတယ်​။ မင်းလဲငါ့ကိုချစ်​​နေဦး
မယ်​လို့​တော့မထင်​ဘူး။

တစ်​ကယ်​ချစ်​​နေ​သေးရင်​အချိန်​အကြာကြီးမ​တွေ့ခဲ့ရတဲ့ ကိုယ့်​ချစ်​သူကို​တွေ့​တွေ့ချင်းရိုက်​နှက်​ခဲ့မှာမဟုတ်​ဘူး။ နာကျင်​​​အောင်​လုပ်​ခဲ့မှာလဲမဟုတ်​ဘူး။

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now