Ep 15

34.7K 3.5K 112
                                    

Zawgyi

Holding Hate Loving Him ep 15

'ရမာန်​...........'

'ရမာန်​............'

သုံးထပ်​တိုက်​တစ်​ခုလုံး တစ်​ခန်းပြီးတစ်​ခန်းတံခါးများဖွင့်​ကာရမာန့်​ ကိုလိုက်​ရှာ​နေ​သော်​လည်းပြည့်​စုံမ​တွေ့။

'ရမာန်​ ​ရေ.............'

'ငါဒီမှာ.......'

အလယ်​ထပ်​ဟိုး​ထောင့်​ဆုံးအခန်းမှအသံကထွက်​လာသည်​။ ​နေ့ခင်းကြီးကိုတံခါးများအားလုံးဖွင့်​မထား၍​မှောင်​ရိပ်​ဖုံး​နေ​သောလမ်းဖြစ်​​သော်​လည်း
ထိုလမ်းကိုအလွတ်​ရနေ​သောပြည့်​စုံအသံလာရာအခန်းဆီသို့သွားလိုက်​သည်​​။

'ရမာန်​.....ဘယ်​လိုဖြစ်​လို့ ဒီအခန်း​ရွေ့လာတာလဲ'

'ပို​ကောင်းတယ်​.....ဒီအခန်းက......'

'ဘာလုပ်​​နေတာလဲ.....မင်းကြယ်​​တွေ​ခေါက်​​နေတုန်းပဲလား........'

စက္ကူ ကြယ်​များ​ခေါက်​​နေ​သောရမာန်​။ ​ဘေးတွင်​လည်းကြယ်​များအပြည့်​ရှိသည့်​ဘူးများ။ ​အဝိုင်း ၊ ​လေး​ထောင့်​ ​ရောင်​စုံ ၊ ဆိုဒ်​စုံဘူးများထဲတွင်​ ​အ​ရောင်​စုံလှ​သောကြယ်​က​လေးများအပြည့်​။

'စားပြီးပြီလား......'

'ပြီးပြီ......'

'ပစ္စည်း​တွေ​ရော.....ထည့်​ပြီးပြီလား.......'

ရမာန်​ ကုတင်​အနီးရှိ အလူမီနီယမ်​ဗီဒို​လေးကိုတစ်​ချက်​ကြည့်​လိုက်​ပြီး​ခေါင်းခါပြလိုက်​သည်​။

'အခုထိမထည့်​ရ​သေးဘူးလား......မနက်​ဖြန်​သွားရ​တော့မှာကို......ကဲပါ.....ငါပဲထည့်​​ပေးမယ်​....'

ပြော​ပြောဆိုဆိုဖြင့်​ ပြည့်​စုံ luggage ကိုဆွဲကာလိုအပ်​သည့်​ အဝတ်​အစားများအားလုံးကိုထည့်​​နေသည်​။

'​တောက်​...........'

တောက်​​ခေါက်​သံကြား၍ပြည့်​စုံလှည့်​ကြည့်​လိုက်​​တော့ ကြယ်​​ခေါက်​သည့်​စက္ကူ များ​၏အတွင်းပိုင်းတွင်​ စာ​ရေး​နေ​သောရမာန်​ ၊ ​ရေး​နေသည့်​​ဘောပင်​ကမှင်​မထွက်​​တော့၍ ​ဒေါသတကြီးနှင့်​​တောက်​​ခေါက်​​ပြီးရှုံ့မဲ့​နေသည်​။

Holding Hate Loving Him (Myanmar BL) OCWhere stories live. Discover now